ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ကစားသမား အိုဒီဂက်ကို ရာသီကုန်အထိ အာဆင်နယ် အငှားခေါ်ယူ

0
118

 

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် နော်ဝေနိုင်ငံသား ကွင်းလယ်ကစားသမား အိုဒီဂက်ကို အာဆင်နယ်အသင်းက ယခုနှစ် ဘောလုံးရာသီပြီးဆုံးချိန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ အိုဒီဂက်ဟာ ရီးရဲလ်အသင်းမန်နေဂျာ ဇီဒန်းရဲ့ လက်အောက်မှာ ရုန်းကန်နေရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆိုစီဒက်အသင်းကို အငှားကစားသမားအဖြစ် သွားရောက်ကစားခဲ့သူဖြစ်ပြီး အာဆင်နယ်နဲ့ အပြိုင် အေဂျက်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။

အာဆင်နယ်အသင်း မန်နေဂျာ အာတီတာက “ အိုဒီဂက်က ကစားသမားကောင်းတစ်ယောက် ဖြစ်တယ်ယ်ဆိုတာ ကွျန်တော်တို့ သိပါတယ်။ သူက လူငယ်တစ်ယောက်ဆိုပေမဲ့ အမြင့်ဆုံးအစွမ်းနဲ့ ကစားနိုင်သူလို့ တွေးမိပါတယ် ” လို့ ဆိုပါတယ်။ အိုဒီဂက်ဟာ စနေနေ့မှာ ကစားရမဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

အာတီတာနဲ့ ပတ်သက်ပြီး အိုဒီဂက်က “ သူက ထိပ်တန်းမန်နေဂျာတစ်ယောက်အဖြစ် ပုံဖော်နေတာကို မြင်နေရတယ်။ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကွျန်တော်က နှစ်သက်တယ်။ ပြီးတော့ သူက သူ့စိတ်ကူးရှိတဲ့ အတိုင်း ဘောလုံးပွဲတွေကို ဖန်တီးတယ်လေ။ ဒီလို ခံစားမှုတွေကို ကွျန်တော် ခံစားမိသလို ဒီကို ရောက်ရှိလာဖို့ အရေးပါတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်။ ဒီအရာတွေကြောင့် အသင်းကို ကွျန်တော်က ဦညွှတ်အလေးပြုစေတာလို့ ကွျန်တော်ထင်ပါတယ် ” လို့ ပြောပါတယ်။

အိုဒီဂက်ဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက စတောင်းဂေါ့ဆက်အသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ယခုနှစ်မှာ ရီးရဲလ်အသင်းနဲ့ ကိုးပွဲ ပါဝင်ကစားထားပါတယ်။

Zawgyi

ရီးရဲလ္မက္ဒရစ္ရဲ့ ကြင္းလယ္ကစားသမား အိုဒီဂက္ကို ရာသီကုန္အထိ အာဆင္နယ္ အငွားေခၚယူ

ရီးရဲလ္မက္ဒရစ္အသင္းရဲ့ အသက္ ၂၂ ႏွစ္အရြယ္ ေနာ္ေဝနိုင္ငံသား ကြင္းလယ္ကစားသမား အိုဒီဂက္ကို အာဆင္နယ္အသင္းက ယခုႏွစ္ ေဘာလုံးရာသီၿပီးဆုံးခ်ိန္အထိ အငွားစာခ်ဳပ္နဲ႔ ေခၚယူလိုက္တယ္လို႔ သိရပါတယ္။ အိုဒီဂက္ဟာ ရီးရဲလ္အသင္းမန္ေနဂ်ာ ဇီဒန္းရဲ့ လက္ေအာက္မွာ ႐ုန္းကန္ေနရသလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဆိုစီဒက္အသင္းကို အငွားကစားသမားအျဖစ္ သြားေရာက္ကစားခဲ့သူျဖစ္ၿပီး အာဆင္နယ္နဲ႔ အၿပိဳင္ ေအဂ်က္အသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့ပါတယ္။
အာဆင္နယ္အသင္း မန္ေနဂ်ာ အာတီတာက “ အိုဒီဂက္က ကစားသမားေကာင္းတစ္ေယာက္ ျဖစ္တယ္ယ္ဆိုတာ ကြ်န္ေတာ္တို႔ သိပါတယ္။ သူက လူငယ္တစ္ေယာက္ဆိုေပမဲ့ အျမင့္ဆုံးအစြမ္းနဲ႔ ကစားနိုင္သူလို႔ ေတြးမိပါတယ္ ” လို႔ ဆိုပါတယ္။ အိုဒီဂက္ဟာ စေနေန႔မွာ ကစားရမဲ့ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူနိုက္တက္တို႔ရဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ပါဝင္လာနိုင္ဖြယ္ ရွိေနပါတယ္။
အာတီတာနဲ႔ ပတ္သက္ၿပီး အိုဒီဂက္က “ သူက ထိပ္တန္းမန္ေနဂ်ာတစ္ေယာက္အျဖစ္ ပုံေဖာ္ေနတာကို ျမင္ေနရတယ္။ သူ႔ရဲ့ စိတ္ကူးစိတ္သန္းေတြကို ကြ်န္ေတာ္က ႏွစ္သက္တယ္။ ၿပီးေတာ့ သူက သူ႔စိတ္ကူးရွိတဲ့ အတိုင္း ေဘာလုံးပြဲေတြကို ဖန္တီးတယ္ေလ။ ဒီလို ခံစားမႈေတြကို ကြ်န္ေတာ္ ခံစားမိသလို ဒီကို ေရာက္ရွိလာဖို႔ အေရးပါတဲ့ အေၾကာင္းရင္းလည္း ျဖစ္တယ္။ ဒီအရာေတြေၾကာင့္ အသင္းကို ကြ်န္ေတာ္က ဦညႊတ္အေလးျပဳေစတာလို႔ ကြ်န္ေတာ္ထင္ပါတယ္ ” လို႔ ေျပာပါတယ္။
အိုဒီဂက္ဟာ ၂၀၁၅ ခုႏွစ္ ဇန္နဝါရီလက စေတာင္းေဂါ့ဆက္အသင္းကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ၿပီး ယခုႏွစ္မွာ ရီးရဲလ္အသင္းနဲ႔ ကိုးပြဲ ပါဝင္ကစားထားပါတယ္။