လမ်းပတ် ထုတ်ပယ်ခံရလို့ အံ့ဩမိတဲ့ ဆိုးရှားက ဆိုးဝါးတဲ့ ဖြစ်ရပ်တွေရှိခဲ့တဲ့ ၎င်းအပေါ်ကို နားလည်ပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင်ကို ကျေးဇူးတင်မိကြောင်း ပြောကြား

0
173

 

ပြီးခဲ့တဲ့ တနင်္လာနေ့ ညက ချဲလ်ဆီးအသင်းကို ၁၈ လကြာ ကိုင်တွယ်ခဲ့တဲ့ အသင်းမန်နေဂျာ လမ်းပတ်ကို ထုတ်ပယ်လိုက်ပါတယ်။ လမ်းပတ် ထုတ်ပယ်ခံရတယ်ဆိုတဲ့ သတင်းကို ကြားသိရချိန်မှာ မန်ချက်စတာ ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အံ့ဩခဲ့မိကြောင်း ဆိုပါတယ်။ ဒါ့အပြင် ၎င်းအနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့စဉ်မှာ ဆိုးဝါးတဲ့ကာလအပိုင်းအခြားတွေ ရှိခဲ့ပေမဲ့ ၎င်းအပေါ်ကို နားလည်ပေးခဲ့ကြတဲ့ အသင်းပိုင်ရှင်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။

ဆိုးရှားက “ ကွျန်တော် သိခဲ့တာကို ပြောရမယ်ဆိုရင် လမ်းပတ်က ကွျန်တော်တို့တွေကို တောင်းပန်စကားဆိုရမဲ့ဟာတွေကို မလုပ်ခဲ့သူပါ။ သူ့ရဲ့ စရိုက်လက္ခာနဲ့ သူ့ရဲ့ စိတ်ဓာတ်ပိုင်းကို ကွျန်တော်သိပါတယ်။ သူက မန်နေဂျာဖြတ်သန်းမှုကို အကောင်းဆုံးအနေနဲ့ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။ လမ်းပတ်ကို ထုတ်လိုက်တယ်သတင်းကြားတော့ နည်းနည်းတော့ အံဩသွားမိတယ်။ ဒါပေမဲ့ ချဲလ်ဆီးမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို မှတ်ချက်ပြုပြောဖို့ ဆိုတာက ကွျန်တော့်အလုပ်မဟုတ်ပါဘူး။ ကွျန်တော်က ကွျန်တော့်အသင်းတစ်ခုထဲပဲ မှတ်ချက်ပြုရမှာပါ။ ကွျန်တော်တို့တွေရဲ့ ဖြတ်သန်းခဲ့ချိန်တွေမှာ ကြမ်းတမ်းမှုတွေနဲ့ ပြန်လည်ဦးမော့လာတွေ ရှိခဲ့ပါတယ်။ သူတို့တွေမှာ အခိုင်မာဆုံး ရပ်တည်ခဲ့ကြတယ်။ ကွျန်တော်က နောက်ပိုင်းမှာ ခေါင်းဆောင်တစ်ဦးအနေနဲ့ မြဲမြံစွာရပ်တည်ခဲ့တယ်။ ဒီနေရာမှာ အသင်းပိုင်ရှင်ဘက်ကို ကျေးဇူးတင်စရာတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် ကွျန်တော်က ဆိုးဝါးတဲ့ပုံစံနဲ့ ဖြတ်သန်းမှု နှစ်ကြိမ်၊ သုံးကြိမ်လောက် အမှန်တကယ် ရှိခဲ့လို့ပါပဲ။ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကွျန်တော်တို့ မသိနိုင်ခဲ့ကြဘူး။ မင်းအနေနဲ့လည်း ဖြစ်နိုင်ချေရှိတာတွေကို မသိနိုင်တာတွေ ရှိခဲ့မှာပါ။ ကွျန်တော့်အတွက်တော့ ကွျန်တော်တို့တွေရဲ့ ဆက်နွယ်မှုတွေကို ထိန်းသိမ်းပြီးပြောရမယ်ဆိုရင် တစ်စုံတစ်ယောက် သူတို့ရဲ့ အလုပ်တွေကို လက်လွှတလ်လိုက်ရရင် စိတ်မကောင်းဖြစ်ရပါတယ်။ မင်းလည်း နောက်ကွယ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိနိုင်ဘူးလေ။ ဒါပေမဲ့လည်း တစ်စုံတစ်ယောက် သူတို့ရဲ့ လုပ်ပိုင်ခွင့် ဆုံးရှုံးခဲ့ရင် စိတ်မကောင်းဖြစ်ရတယ် ” လို့ ပြောပါတယ်။

ဆိုးရှားအနေနဲ့လည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၁၈ လကြာ ကိုင်တွယ်ခဲ့ပြီးပေမဲ့ အသင်းဘက်က စာချုပ်သက်တမ်းသစ်ချုပ်ဆိုဖို့ တောင်းဆိုတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi

လမ္းပတ္ ထုတ္ပယ္ခံရလို႔ အံ့ဩမိတဲ့ ဆိုးရွားက ဆိုးဝါးတဲ့ ျဖစ္ရပ္ေတြရွိခဲ့တဲ့ ၎အေပၚကို နားလည္ေပးခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းပိုင္ရွင္ကို ေက်းဇူးတင္မိေၾကာင္း ေျပာၾကား

ၿပီးခဲ့တဲ့ တနလၤာေန႔ ညက ခ်ဲလ္ဆီးအသင္းကို ၁၈ လၾကာ ကိုင္တြယ္ခဲ့တဲ့ အသင္းမန္ေနဂ်ာ လမ္းပတ္ကို ထုတ္ပယ္လိုက္ပါတယ္။ လမ္းပတ္ ထုတ္ပယ္ခံရတယ္ဆိုတဲ့ သတင္းကို ၾကားသိရခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္မန္ေနဂ်ာ ဆိုးရွားက အံ့ဩခဲ့မိေၾကာင္း ဆိုပါတယ္။ ဒါ့အျပင္ ၎အေနနဲ႔ မန္ခ်က္စတာ ယူနိုက္တက္ကို ကိုင္တြယ္ခဲ့စဥ္မွာ ဆိုးဝါးတဲ့ကာလအပိုင္းအျခားေတြ ရွိခဲ့ေပမဲ့ ၎အေပၚကို နားလည္ေပးခဲ့ၾကတဲ့ အသင္းပိုင္ရွင္ကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။
ဆိုးရွားက “ ကြ်န္ေတာ္ သိခဲ့တာကို ေျပာရမယ္ဆိုရင္ လမ္းပတ္က ကြ်န္ေတာ္တို႔ေတြကို ေတာင္းပန္စကားဆိုရမဲ့ဟာေတြကို မလုပ္ခဲ့သူပါ။ သူ႔ရဲ့ စရိုက္လကၡာနဲ႔ သူ႔ရဲ့ စိတ္ဓာတ္ပိုင္းကို ကြ်န္ေတာ္သိပါတယ္။ သူက မန္ေနဂ်ာျဖတ္သန္းမႈကို အေကာင္းဆုံးအေနနဲ႔ ျပန္လည္ေရာက္ရွိလာပါလိမ့္မယ္။ လမ္းပတ္ကို ထုတ္လိုက္တယ္သတင္းၾကားေတာ့ နည္းနည္းေတာ့ အံဩသြားမိတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးမွာ ဘာေတြ ျဖစ္ပ်က္ေနတယ္ဆိုတာကို မွတ္ခ်က္ျပဳေျပာဖို႔ ဆိုတာက ကြ်န္ေတာ့္အလုပ္မဟုတ္ပါဘူး။ ကြ်န္ေတာ္က ကြ်န္ေတာ့္အသင္းတစ္ခုထဲပဲ မွတ္ခ်က္ျပဳရမွာပါ။ ကြ်န္ေတာ္တို႔ေတြရဲ့ ျဖတ္သန္းခဲ့ခ်ိန္ေတြမွာ ၾကမ္းတမ္းမႈေတြနဲ႔ ျပန္လည္ဦးေမာ့လာေတြ ရွိခဲ့ပါတယ္။ သူတို႔ေတြမွာ အခိုင္မာဆုံး ရပ္တည္ခဲ့ၾကတယ္။ ကြ်န္ေတာ္က ေနာက္ပိုင္းမွာ ေခါင္းေဆာင္တစ္ဦးအေနနဲ႔ ျမဲၿမံစြာရပ္တည္ခဲ့တယ္။ ဒီေနရာမွာ အသင္းပိုင္ရွင္ဘက္ကို ေက်းဇူးတင္စရာေတြ ရွိေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကြ်န္ေတာ္က ဆိုးဝါးတဲ့ပုံစံနဲ႔ ျဖတ္သန္းမႈ ႏွစ္ႀကိမ္၊ သုံးႀကိမ္ေလာက္ အမွန္တကယ္ ရွိခဲ့လို႔ပါပဲ။ ဘာေတြ ျဖစ္ပ်က္ခဲ့တယ္ဆိုတာကို ကြ်န္ေတာ္တို႔ မသိနိုင္ခဲ့ၾကဘူး။ မင္းအေနနဲ႔လည္း ျဖစ္နိုင္ေခ်ရွိတာေတြကို မသိနိုင္တာေတြ ရွိခဲ့မွာပါ။ ကြ်န္ေတာ့္အတြက္ေတာ့ ကြ်န္ေတာ္တို႔ေတြရဲ့ ဆက္ႏြယ္မႈေတြကို ထိန္းသိမ္းၿပီးေျပာရမယ္ဆိုရင္ တစ္စုံတစ္ေယာက္ သူတို႔ရဲ့ အလုပ္ေတြကို လက္လႊတလ္လိုက္ရရင္ စိတ္မေကာင္းျဖစ္ရပါတယ္။ မင္းလည္း ေနာက္ကြယ္မွာ ဘာေတြျဖစ္ေနတယ္ဆိုတာ မသိနိုင္ဘူးေလ။ ဒါေပမဲ့လည္း တစ္စုံတစ္ေယာက္ သူတို႔ရဲ့ လုပ္ပိုင္ခြင့္ ဆုံးရႈံးခဲ့ရင္ စိတ္မေကာင္းျဖစ္ရတယ္ ” လို႔ ေျပာပါတယ္။
ဆိုးရွားအေနနဲ႔လည္း မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ၁၈ လၾကာ ကိုင္တြယ္ခဲ့ၿပီးေပမဲ့ အသင္းဘက္က စာခ်ဳပ္သက္တမ္းသစ္ခ်ဳပ္ဆိုဖို႔ ေတာင္းဆိုတာေတြ မရွိေသးဘူးလို႔ သိရပါတယ္။