လာမဲ့နွေရာသီပြောင်းရွှေ့ကာလမှာ ဟာရီကိန်းကို ပေါင်သန်း ၉၀ နဲ့ မန်စီးတီးခေါ်ယူနိုင်ဖို့ ကြိုတင်ပြင်ဆင်နေ

0
255

 

SBOTop Dec            စပါးလ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး ဖြစ်တဲ့ ဟာရီကိန်းကို မန်စီးတီးအသင်းက လာမဲ့နွေရာသီ ပြောင်းရွှေ့ကာလမှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသင်းမန်နေဂျာ ဂွါဒီယိုလာ အနေနဲ့ တိုက်စစ်မှူး အဂူရိုရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ဟာရီကိန်းကို ကာလရှည်စောင့်ကြည့်နေတယ်လို့ လည်း အဆိုပါသတင်းမှာ ပါရှိပါတယ်။

ဟာရီကိန်းဟာ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးတစ်ဦးနေရာမှာ ရှိနေသူ တစ်ဦးဖြစ်သလို ခြောက်ရာသီဆက် ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၂၀ နဲ့အထက် သွင်းယူနိုင်သူ တစ်ဦးဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်း နှစ်ကြိမ်ရယူထားနိုင်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟာရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါးလ်အသင်းရဲ့ တိုက်စစ်အတွဲဖြစ်တဲ့ ဆွန်ဟောင်မင်နောက်မှာ သွင်းဂိုးတွေ နည်းပါးနေပေမဲ့ ဆွန်ဟောင်မင် ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံးပံ့ပိုးပေးထားနိုင်သူ ဖြစ်နေပါတယ်။ ဒါကြောင့် ဂွါဒီယိုလာက ဟာရီကိန်းကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာရဲ့ မန်စီးတီးကို ရောက်ရှိခဲ့ရင် ကိန်းအနေနဲ့ ဆုဖလားတွေ ရရှိခွင့်ဖြစ်လာနိုင်မှာ ဖြစ်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။

မန်စီးတီးရဲ့ အဓိကတိုက်စစ်မှူး ဖြစ်ခဲ့သလို အသင်းနဲ့ ၃၇၈ ပွဲ ကစားအပြီး ၂၅၆ ဂိုး သွင်းယူထားနိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အဂူရိုက ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် နှစ်ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ယခုနှစ် ဘောလုံးရာသီပြီးဆုံးရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်လို့ ဟာရီကိန်းကို ၎င်းရဲ့ နေရာမှာ ကာလရှည်အစားထိုးနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Zawgyi

လာမဲ့ေႏြရာသီေျပာင္းေရႊ႕ကာလမွာ ဟာရီကိန္းကို ေပါင္သန္း ၉၀ နဲ႔ မန္စီးတီးေခၚယူနိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ေန

စပါးလ္အသင္းရဲ့ နာမည္ေက်ာ္တိုက္စစ္မႉး ျဖစ္တဲ့ ဟာရီကိန္းကို မန္စီးတီးအသင္းက လာမဲ့ေႏြရာသီ ေျပာင္းေရႊ႕ကာလမွာ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြအရ သိရပါတယ္။ အသင္းမန္ေနဂ်ာ ဂြါဒီယိုလာ အေနနဲ႔ တိုက္စစ္မႉး အဂူရိုရဲ့ ေနရာမွာ အစားထိုးနိုင္ဖို႔အတြက္ ဟာရီကိန္းကို ကာလရွည္ေစာင့္ၾကည့္ေနတယ္လို႔ လည္း အဆိုပါသတင္းမွာ ပါရွိပါတယ္။
ဟာရီကိန္းဟာ ကမၻာ့ထိပ္တန္း တိုက္စစ္မႉးတစ္ဦးေနရာမွာ ရွိေနသူ တစ္ဦးျဖစ္သလို ေျခာက္ရာသီဆက္ ၿပိဳင္ပြဲအရပ္ရပ္ သြင္းဂိုး ၂၀ နဲ႔အထက္ သြင္းယူနိုင္သူ တစ္ဦးျဖစ္သလို ပရီးမီးယားလိဂ္ရဲ့ ဂိုးသြင္းအမ်ားဆုံး ေရႊဖိနပ္ဆုကိုလည္း ႏွစ္ႀကိမ္ရယူထားနိုင္ပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ျဖစ္တဲ့ ဟာရီကိန္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ စပါးလ္အသင္းရဲ့ တိုက္စစ္အတြဲျဖစ္တဲ့ ဆြန္ေဟာင္မင္ေနာက္မွာ သြင္းဂိုးေတြ နည္းပါးေနေပမဲ့ ဆြန္ေဟာင္မင္ ဂိုးသြင္းနိုင္ဖို႔ အေကာင္းဆုံးပံ့ပိုးေပးထားနိုင္သူ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ဂြါဒီယိုလာက ဟာရီကိန္းကို ေခၚယူဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ဂြါဒီယိုလာရဲ့ မန္စီးတီးကို ေရာက္ရွိခဲ့ရင္ ကိန္းအေနနဲ႔ ဆုဖလားေတြ ရရွိခြင့္ျဖစ္လာနိုင္မွာ ျဖစ္တယ္လို႔လည္း သုံးသပ္ထားၾကပါတယ္။
မန္စီးတီးရဲ့ အဓိကတိုက္စစ္မႉး ျဖစ္ခဲ့သလို အသင္းနဲ႔ ၃၇၈ ပြဲ ကစားအၿပီး ၂၅၆ ဂိုး သြင္းယူထားနိုင္တဲ့ အသက္ ၃၂ ႏွစ္အရြယ္ အဂူရိုက ယခုႏွစ္ ေဘာလုံးရာသီမွာ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရၿပီး ပရီးမီးယားလိဂ္ ႏွစ္ပြဲသာ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။ ဒါ့အျပင္ ယခုႏွစ္ ေဘာလုံးရာသီၿပီးဆုံးရင္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ ျဖစ္လို႔ ဟာရီကိန္းကို ၎ရဲ့ ေနရာမွာ ကာလရွည္အစားထိုးနိုင္ဖို႔ ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။