လီဗာပူးလ်နဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ ဟာရီကိန်း ရက်သတ္တပတ် အနည်းငယ် အနားယူသွားရဖို့ ရှိနေ
0
137
စပါးလ်အသင်းနဲ့ အင်္ဂလန်တိုက်စစ်မှူးဖြစ်တဲ့ ဟာရီကိန်းဟာ လီဗာပူးလ်အသင်းကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ညာဘက်ခြေကျင်းဝတ် ထိခိုက်မိပြီး ရက်သတ္တပတ်အနည်းငယ် အနားယူသွားရဖို့ ရှိနေတယ်လို့ သိရပါ တယ်။ ဟာရီကိန်းဟာ ပွဲချိန် ၁၃ မိနစ်မှာ လီဗာပူးလ်ရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ သီယာဂိုနဲ့ ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်ပြီး လီဗာပူးလ်ကွင်းလယ်ကစားသမား ဟမ်ဒါဆင်နဲ့ ထိခိုက်မိပြီး ဘယ်ဘက်ခြေကျင်းဝတ် ထပ်မံထိခိုက်ခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် ဟာရီကိန်းဟာ ခြေကျင်းဝတ်ထိခိုက်ခံခဲ့တဲ့ ပြဿနာတွေ ရှိခဲ့တစ်ယောက်ဖြစ်ပြီး ပထမပိုင်းမှာပဲ ၎င်းရဲ့ နေရာမှာ လာမီလာနဲ့ လူစားထိုးခဲ့ရပါတယ်။ အသင်းမန်နေဂျာ မော်ရင်ဟိုက “ ဟာရီကိန်း အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အတွက် အသင်းကလည်း ဒဏ်ရာအနာတရမရှိဘဲ ရှုံးခဲ့ရတယ်။ ဒီနေရာမှာ တချို့သော ကစားသမားတွေရဲ့ နေရာမှာ မင်းက အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအဖြစ်တွေက ဖြစ်ပြီးရင်း ဖြစ်နေဦးမှာပါပဲ။ ဒါပေမဲ့ ကွျန်တော်တို့တွေက နောက်ထပ်ပွဲတွေမှာ ရင်ဆိုင်သွားနိုင်မယ်လို့ ယုံကြည်ထားပါ တယ်။ ကွျန်တော်တို့က လူစုံတက်စုံနဲ့ဆို မလုပ်နိုင်တာ ဘာမှ မရှိနိုင်ပါဘူး ” လို့ ပြောပါတယ်။
ဟာရီကိန်းဟာ နှစ်စဉ်နှစ်တိုင်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ ကစားသမားတစ်ဦးဖြစ်နေ ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေ ဖြစ်တဲ့ ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီမှာ ဘယ်ဘက်ခြေကျင်းဝတ် အရွတ်စုတ်ပြတ်ခဲ့လို့ ခုနစ်ပွဲ ပါဝင်ခွင့်မရခဲ့သလို ၂၀၁၉ ခုနှစ် ဇန်နဝါရီမှာလည်း ဒဏ်ရာဟောင်းက ပြန်လည်နာကျင်ခဲ့လို့ ကိုးပွဲလောက် ပါဝင်ခွင့်မရခဲ့ပါဘူး။ ၂၀၁၇-၁၈ ခုနှစ် ဘောလုံးရာသီမှာလည်း ညာဘက် ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်လလောက် အနားယူခဲ့ရသလို ၂၀၁၆-၁၇ ခုနှစ်မှာလည်း လေးပတ်ကနေ ခြောက်ပတ်အထိ အနားယူခဲ့ရပါတယ်။ စပါးလ်အသင်းက လီဗာပူးလ်ကို ရှုံးခဲ့လို့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေပါတယ်။
Zawgyi