လီဗာပူးလ်နဲ့ ကစားရမဲ့ အိမ်ရှင်စပါးလ်က သရေရလဒ်လောက်ပဲ မျှော်လင့်သွားနိုင်တယ်

0
348

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် စပါးလ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ စပါးလ်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၂၉-၁-၂၀၂၁ ရက် သောကြာနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ စပါးလ်အသင်းက ပရီးမီးယားလိဂ် ၁၈ ပွဲ ကစားအပြီး ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပြီး လီဗာပူးလ်က ၁၉ ပွဲ ကစားအပြီး ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လီဗာပူးလ် ၂ – ၁ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၀ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၁ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၀ – ၂ လီဗာပူးလ်(ချန်ပီယံလိဂ်)

လီဗာပူးလ် ၂ – ၁ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၁ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး စပါးလ်အသင်းက လေးပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပြီး လီဗာပူးလ်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ စပါးလ်နဲ့ လီဗာပူးလ်တို့ဟာ ကြာသပတေးနေ့ညမှာ တွေ့ဆုံကစားရခြင်းဟာ ပထမဆုံး တွေ့ဆုံမှု တစ်ခု ဖြစ်ခဲ့ပါ တယ်။ လီဗာပူးလ်က စပါးလ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲဆက် အနိုင်ရထားပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲမှာ လီဗာပူးလ်က ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ လီဗာပူးလ်က စပါးလ်နဲ့တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။

စပါးလ်အသင်းမှာ လိုဆယ်ဆိုနဲ့ ရီဂူရင်တို့က ဒဏ်ရာရနေပြီး လီဗာပူးလ်အသင်းမှာ ကီတာ၊ ဗန်ဒိုက်၊ ဂျိုတာနဲ့ ဂိုမက်ဇ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စပါးလ်အသင်း အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ လီဗာပူးလ်အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်က ၁-၁ နဲ့ သရေဖြစ်လာနိုင်ပါတယ်။

Zawgyi

လီဗာပူးလ္နဲ႔ ကစားရမဲ့ အိမ္ရွင္စပါးလ္က သေရရလဒ္ေလာက္ပဲ ေမၽွာ္လင့္သြားနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၂၀ အျဖစ္ စပါးလ္အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ စပါးလ္ရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၂၉-၁-၂၀၂၁ ရက္ ေသာၾကာေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ စပါးလ္အသင္းက ပရီးမီးယားလိဂ္ ၁၈ ပြဲ ကစားအၿပီး ရမွတ္ ၃၃ မွတ္နဲ႔ အဆင့္ ၆ ေနရာမွာ ရွိေနၿပီး လီဗာပူးလ္က ၁၉ ပြဲ ကစားအၿပီး ရမွတ္ ၃၄ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လီဗာပူးလ္ ၂ – ၁ စပါးလ္(ပရီးမီးယားလိဂ္)
စပါးလ္ ၀ – ၁ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၂ – ၁ စပါးလ္(ပရီးမီးယားလိဂ္)
စပါးလ္ ၀ – ၂ လီဗာပူးလ္(ခ်န္ပီယံလိဂ္)
လီဗာပူးလ္ ၂ – ၁ စပါးလ္(ပရီးမီးယားလိဂ္)
စပါးလ္ ၁ – ၂ လီဗာပူးလ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲကစားအၿပီး စပါးလ္အသင္းက ေလးပြဲနိုင္ တစ္ပြဲသေရ ျဖစ္ထားၿပီး လီဗာပူးလ္က ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး တစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားပါတယ္။ စပါးလ္နဲ႔ လီဗာပူးလ္တို႔ဟာ ၾကာသပေတးေန႔ညမွာ ေတြ႕ဆုံကစားရျခင္းဟာ ပထမဆုံး ေတြ႕ဆုံမႈ တစ္ခု ျဖစ္ခဲ့ပါ တယ္။ လီဗာပူးလ္က စပါးလ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲဆက္ အနိုင္ရထားေပမဲ့ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ေလးပြဲမွာ လီဗာပူးလ္က ဂိုးသြင္းယူနိုင္ျခင္း မရွိခဲ့ပါဘူး။ လီဗာပူးလ္က စပါးလ္နဲ႔ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ခုနစ္ပြဲ ကစားအၿပီး ေျခာက္ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ လီဗာပူးလ္က ပရီးမီးယားလိဂ္ ေနာက္ဆုံး ငါးပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးေနပါတယ္။
စပါးလ္အသင္းမွာ လိုဆယ္ဆိုနဲ႔ ရီဂူရင္တို႔က ဒဏ္ရာရေနၿပီး လီဗာပူးလ္အသင္းမွာ ကီတာ၊ ဗန္ဒိုက္၊ ဂ်ိဳတာနဲ႔ ဂိုမက္ဇ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က စပါးလ္အသင္း အနိုင္ရဖို႔ ၅၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀% နဲ႔ လီဗာပူးလ္အနိုင္ရဖို႔ ၃၀% ရွိေနပါတယ္။ ျဖစ္ေပၚလာနိုင္တဲ့ ဂိုးရလဒ္က ၁-၁ နဲ႔ သေရျဖစ္လာနိုင္ပါတယ္။