လီဗာပူးလ်ရဲ့ အိမ်ကွင်းမှာ ဂိုးသွင်းယူမှု စံချိန်ကို ရပ်တန့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

0
221

 

မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အိမ်ရှင်လီဗာပူးလ်နဲ့ ဂိုးမရှိ သရေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းရဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလက မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ဂိုးမရှိဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ၆၈ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါ တယ်။

ပွဲအပြီး မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆိုးရှားက “ သူတို့မှာ ဒဏ်ရာရကစားသမားတွေရဲ့ ပြဿနာရှိနေပေမဲ့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကွျန်တော်တို့က ဒီအပေါ်မှာ သတ်မှတ် ထားမှာ မဟုတ်ပါဘူး။ ကွျန်တော်တို့တွေက တစ်ပွဲပြီး တစ်ပွဲ ပိုပြီး တောင့်တင်းသန်မာလာတယ်လို့ ခံစားမိခဲ့သလို အောင်မြင်မှုနဲ့ နီးစပ်နေတယ်။ ရလဒ်ကြောင့် မဟုတ်ဘဲ ကစားပုံနဲ့ ပတ်သက်ပြီး အနည်းငယ်တော့ စိတ်ပျက် စရာတွေ ရှိတာပေါ့လေ။ ကွျန်တော်တို့တွေက ပထမပိုင်းမှာ လုံလောက်တဲ့ ပြီးပြည့်စုံမှု မရှိခဲ့ပေမဲ့ အကောင်းဆုံး ဖြစ်အောင်တော့ ကာကွယ်နိုင်ခဲ့တယ်။ သူတို့ဘက်ကလည်း ကောင်းမွန်တဲ့ ဖန်တီးမှုတွေ မပြုလုပ်နိုင်ခဲ့ကြပါဘူး။ ပွဲစတင်ခဲ့ချိန်မှာ ကောင်းမွန်တဲ့ ပွဲထွက်လာခြင်းတွေ မရှိခဲ့လို့ ကစားသမားတစ်ယောက် တိုင်းစီကနေ စိတ်ပျက်နေမိမှာပါ။ ဒါပေမဲ့ ကွျန်တော်တို့ရဲ့ ကစားပုံဟာ စိတ်ပျက်စရာအနည်းငယ်ရှိခဲ့ပေမဲ့ ပွဲအပေါ်မှာ ကစားသမားတွေရဲ့ ခံစားချက်ကတော့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ် ” လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူးလ်နဲ့ သရေဖြစ်ခဲ့ပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာလက ၁၇ ပွဲဆက် အဝေးကွင်းပွဲ ရှုံးပွဲမရှိဖြစ်ပေါ်ခဲ့ပြီးနောက် ၁၆ ပွဲဆက် အဝေးကွင်းပွဲ ရှုံးပွဲမရှိပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရမှတ် ၃၇ မှတ်နဲ့ ရပ်တည်နေပြီး ဒုတိယနေမှာ ရှိနေတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ရမှတ် နှစ်မှတ်ဦးဆောင်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်းပွဲ ဆက်လက်ကစားဖို့ ရှိနေပြီး လီဗာပူးလ်က အိမ်ကွင်းမှာ ဘန်လေအသင်းနဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ ကစားသွားဖို့ ရှိနေပါတယ်။

Zawgyi

လီဗာပူးလ္ရဲ့ အိမ္ကြင္းမွာ ဂိုးသြင္းယူမႈ စံခ်ိန္ကို ရပ္တန႔္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္

မန္ခ်က္စတာယူနိုက္တက္အသင္းက ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ အိမ္ရွင္လီဗာပူးလ္နဲ႔ ဂိုးမရွိ သေရျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ လီဗာပူးလ္အသင္းရဲ့ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလက မန္စီးတီးအသင္းနဲ႔ ပြဲစဥ္မွာ ဂိုးမရွိျဖစ္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ အိမ္ကြင္းမွာ ဂိုးမသြင္းနိုင္တဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ လီဗာပူးလ္အသင္းက အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ ၆၈ ပြဲဆက္ ရႈံးပြဲမရွိ မွတ္တမ္းကို ဆက္လက္ထိန္းထားနိုင္ခဲ့ပါ တယ္။
ပြဲအၿပီး မန္ခ်က္စတာယူနိုက္တက္ မန္ေနဂ်ာ ဆိုးရွားက “ သူတို႔မွာ ဒဏ္ရာရကစားသမားေတြရဲ့ ျပႆနာရွိေနေပမဲ့ ေကာင္းမြန္တဲ့ အေနအထားမွာ ရွိေနပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔က ဒီအေပၚမွာ သတ္မွတ္ ထားမွာ မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ေတြက တစ္ပြဲၿပီး တစ္ပြဲ ပိုၿပီး ေတာင့္တင္းသန္မာလာတယ္လို႔ ခံစားမိခဲ့သလို ေအာင္ျမင္မႈနဲ႔ နီးစပ္ေနတယ္။ ရလဒ္ေၾကာင့္ မဟုတ္ဘဲ ကစားပုံနဲ႔ ပတ္သက္ၿပီး အနည္းငယ္ေတာ့ စိတ္ပ်က္ စရာေတြ ရွိတာေပါ့ေလ။ ကြ်န္ေတာ္တို႔ေတြက ပထမပိုင္းမွာ လုံေလာက္တဲ့ ၿပီးျပည့္စုံမႈ မရွိခဲ့ေပမဲ့ အေကာင္းဆုံး ျဖစ္ေအာင္ေတာ့ ကာကြယ္နိုင္ခဲ့တယ္။ သူတို႔ဘက္ကလည္း ေကာင္းမြန္တဲ့ ဖန္တီးမႈေတြ မျပဳလုပ္နိုင္ခဲ့ၾကပါဘူး။ ပြဲစတင္ခဲ့ခ်ိန္မွာ ေကာင္းမြန္တဲ့ ပြဲထြက္လာျခင္းေတြ မရွိခဲ့လို႔ ကစားသမားတစ္ေယာက္ တိုင္းစီကေန စိတ္ပ်က္ေနမိမွာပါ။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ရဲ့ ကစားပုံဟာ စိတ္ပ်က္စရာအနည္းငယ္ရွိခဲ့ေပမဲ့ ပြဲအေပၚမွာ ကစားသမားေတြရဲ့ ခံစားခ်က္ကေတာ့ ေကာင္းမြန္တဲ့ အေနအထားမွာ ရွိေနပါတယ္ ” လို႔ ဆိုပါတယ္။
မန္ခ်က္စတာယူနိုက္တက္ဟာ လီဗာပူးလ္နဲ႔ သေရျဖစ္ခဲ့ၿပီး ၁၉၉၉ ခုႏွစ္ စက္တင္ဘာလက ၁၇ ပြဲဆက္ အေဝးကြင္းပြဲ ရႈံးပြဲမရွိျဖစ္ေပၚခဲ့ၿပီးေနာက္ ၁၆ ပြဲဆက္ အေဝးကြင္းပြဲ ရႈံးပြဲမရွိပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ အမွတ္ေပးဇယားရဲ့ အဆင့္ ၁ ေနရာမွာ ရမွတ္ ၃၇ မွတ္နဲ႔ ရပ္တည္ေနၿပီး ဒုတိယေနမွာ ရွိေနတဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကို ရမွတ္ ႏွစ္မွတ္ဦးေဆာင္ထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ဇန္နဝါရီ ၂၀ ရက္ေန႔မွာ ဖူလ္ဟမ္အသင္းနဲ႔ အေဝးကြင္းပြဲ ဆက္လက္ကစားဖို႔ ရွိေနၿပီး လီဗာပူးလ္က အိမ္ကြင္းမွာ ဘန္ေလအသင္းနဲ႔ ဇန္နဝါရီ ၂၁ ရက္ေန႔ ကစားသြားဖို႔ ရွိေနပါတယ္။