လေးပွဲဆက်နိုင်ပွဲပျောက်ဆုံးနေခြင်းကို ရပ်တန့်ဖို့ လီဗာပူးလ်က အိမ်ကွင်းမှာ အနိုင်ရလဒ်အဖြစ် စွမ်းဆောင်သွားမှာပါ

0
367

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် လီဗာပူးလ်အသင်းနဲ့ ဘန်လေအသင်းတို့ဟာ လီဗာပူးလ်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၂၂-၁-၂၀၂၁ ရက်နေ့ ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် ၁၈ ပွဲ ကစားအပြီး ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး ဘန်လေအသင်းက တစ်ပွဲကျန် ၁၇ ပွဲ ကစားအပြီး ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လီဗာပူးလ် ၁ – ၁ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၀ – ၃ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၄ – ၂ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၁ – ၃ လီဗာပူးလ်(ပရီးမီးယားလိဂ်)

ဘန်လေ ၁ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၁ – ၁ ဘန်လေ(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လီဗာပူးလ်က နှစ်ပွဲနိုင် သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ဘန်လေအသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး နှစ်ပွဲနိုင် သုံးပွဲရှုံးထားပါတယ်။ ဘန်လေက လီဗာပူးလ်နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၁၂ ကြိမ်မှာ ၂၀၁၆ ခုနှစ်က အိမ်ကွင်းမှာ ၂-၀ နဲ့ တစ်ပွဲသာ အနိုင်ရခဲ့ ပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲမှာ နိုင်ပွဲရရှိခြင်း မရှိခဲ့ဘဲ သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်က ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဂိုးမသွင်းယူနိုင်ခဲ့ ခြင်းက အိမ်ကွင်းမှာ ၄၂ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ရပ်တန်ခဲ့ရပါတယ်။ လီဗာပူးလ်ရဲ့ တိုက်စစ်မှူး ဆာလက်ဟာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းပွဲ လေးပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မပြုလုပ်နိုင်ခဲ့ပါဘူး။ ဘန်လေအသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ လီဗာပူးလ်က ဘန်လေ အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခုနစ်ပွဲမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

လီဗာပူးလ်အသင်းမှာ တက်ဆီမီကက်၊ ဗန်ဒိုက်၊ ဂျိုတာ၊ ဂိုမက်ဇ်နဲ့ ကီတာတို့က ဒဏ်ရာရနေပြီး ဘန်လေအသင်းမှာ ဂျင်မီ ဒမ်နီ၊ ပီးကော့ ဖာရဲယ်နဲ့ တိုင်လာတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လီဗာပူးလ်အသင်းက အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ ဘန်လေ အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

