ဝိုင်ကွန်အသင်းကွင်းမှာ စပါးလ်က အနိုင်ရဖို့ ၈၅% ရှိနေတယ်

0
301

 

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တစ်ပွဲအဖြစ် ဝိုင်ကွန်အသင်းနဲ့ စပါးလ်အသင်းတို့ဟာ ဝိုင်ကွန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၆-၁-၂၀၂၁ ရက် အင်္ဂါနေ့နံနက် ၂း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု အနေနဲ့ ဝိုင်ကွန်အသင်းနဲ့ စပါးလ်အသင်းတို့ဟာ အက်ဖ်အေဖလားမှာ ဒုတိယအကြိမ်တွေ့ဆုံ ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က ပထမအကြိမ်တွေ့ဆုံခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ စပါးလ်က အိမ်ကွင်းမှာ ၄-၃ နဲ့ အနိုင်ရခဲ့ပါတယ်။ ဝိုင်ကွန်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး စပါးလ်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲမှာ လေးပွဲနိုင် တစ်ပွဲသရေ ဖြစ်ပေါ်ထားပါ တယ်။

ဝိုင်ကွန်အသင်းဟာ အက်ဖ်အေဖလားပွဲစဉ် ရှစ်ပွဲကစားအပြီး ၂၀၀၀ ပြည့်နှစ်က လက်စတာစီးတီးကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် ခုနစ်ပွဲ ရှုံးထားပါတယ်။ စပါးလ်အသင်း မန်နေဂျာ မော်ရင်ဟိုအနေနဲ့ ချဲလ်ဆီးအသင်းမှာ ရှိခဲ့စဉ်က ဝိုင်ကွန်အသင်းနဲ့ လိဂ်ဖလားပွဲမှာ တွေ့ဆုံခဲ့ပြီး အဝေးကွင်းမှာ ၁-၁ သရေ ဖြစ်ခဲ့ပြီး အိမ်ကွင်းမှာ ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ စပါးလ်အသင်းက အက်ဖ်အေဖလား နောက်ဆုံးခြောက်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

ဝိုင်ကွန်အသင်းမှာ စတီဝက်က ဒဏ်ရာရနေပြီး စပါးလ်အသင်းမှာ လိုဆယ်ဆိုက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စပါးလ်အသင်းက အနိုင်ရဖို့ ၈၅% ရှိနေပြီး ဝိုင်ကွန်အသင်း အနိုင်ရဖို့ ၁၅% ရှိနေပြီး စပါးလ်က ၁-၃ နဲ့ အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

