သရေရလဒ်နဲ့ ပြီးဆုံးသွားနိုင်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်

0
317

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အဖြစ် လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ လီဗာပူးလ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၇-၁-၂၀၂၁ ရက် တနင်္ဂနွေနေ့ည ၁၁း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ် ပရီးမီးယားလိဂ် ၁၇ ပွဲကစားအပြီး ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်က ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လီဗာပူးလ် ၂ – ၀ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၀ – ၀ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၃ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၄ လီဗာပူးလ်(ခြေစမ်းပွဲ)

မန်ချက်စတာယူနိုက်တက် ၂ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လီဗာပူးလ်က သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ၂၀၁၈ ခုနှစ် မတ်လက အိမ်ကွင်းမှာ လီဗာပူးလ်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲမှာ အနိုင်ရခဲ့ခြင်း မရှိခဲ့ပါဘူး။ လီဗာပူးလ်က ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ နောက်ဆုံး ၄၆ ပွဲဆက် ရှုံးပွဲမရှိဖြစ်ပေါ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ၁၂ ပွဲကစားအပြီး ၁၁ ပွဲ အနိုင်ရခဲ့ ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲမှာ သွင်းဂိုး အသာနဲ့ အနိုင်ရခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်က နိုဝင်ဘာလက အာဆင်နယ်ကို ရှုံးခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁၁ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

လီဗာပူးလ်အသင်းမှာ တက်ဆီမီကပ်၊ ဗန်ဒိုက်၊ ဂျိုတာ၊ ဂိုမက်ဇ်နဲ့ ကီတာတို့က ဒဏ်ရာရနေပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ရိုဂျိုနဲ့ ဖီးဂျုံးတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လီဗာပူးလ်က အနိုင်ရဖို့ ၄၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ မန်ချက်စတာယူနိုက်အနိုင်ရဖို့ ၄၀% ရှိနေပါတယ်။

Zawgyi

သေရရလဒ္နဲ႔ ၿပီးဆုံးသြားနိုင္တဲ့ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူနိုက္တက္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၈ အျဖစ္ လီဗာပူးလ္အသင္းနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ဟာ လီဗာပူးလ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၇-၁-၂၀၂၁ ရက္ တနဂၤေႏြေန႔ည ၁၁း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ လီဗာပူးလ္ ပရီးမီးယားလိဂ္ ၁၇ ပြဲကစားအၿပီး ရမွတ္ ၃၃ မွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရွိေနၿပီး မန္ခ်က္စတာယူနိုက္တက္က ရမွတ္ ၃၆ မွတ္နဲ႔ အဆင့္ ၁ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လီဗာပူးလ္ ၂ – ၀ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၁ – ၁ လီဗာပူးလ္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၀ – ၀ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၃ – ၁ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၁ – ၄ လီဗာပူးလ္(ေျခစမ္းပြဲ)
မန္ခ်က္စတာယူနိုက္တက္ ၂ – ၁ လီဗာပူးလ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး လီဗာပူးလ္က သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး မန္ခ်က္စတာယူနိုက္တက္က ေလးပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ၂၀၁၈ ခုႏွစ္ မတ္လက အိမ္ကြင္းမွာ လီဗာပူးလ္ကို ၂-၁ နဲ႔ အနိုင္ရခဲ့ၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၁၀ ပြဲမွာ အနိုင္ရခဲ့ျခင္း မရွိခဲ့ပါဘူး။ လီဗာပူးလ္က ပရီးမီးယားလိဂ္အိမ္ကြင္းပြဲ ေနာက္ဆုံး ၄၆ ပြဲဆက္ ရႈံးပြဲမရွိျဖစ္ေပၚထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ၁၂ ပြဲကစားအၿပီး ၁၁ ပြဲ အနိုင္ရခဲ့ ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲမွာ သြင္းဂိုး အသာနဲ႔ အနိုင္ရခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က နိုဝင္ဘာလက အာဆင္နယ္ကို ရႈံးခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ၁၁ ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။
လီဗာပူးလ္အသင္းမွာ တက္ဆီမီကပ္၊ ဗန္ဒိုက္၊ ဂ်ိဳတာ၊ ဂိုမက္ဇ္နဲ႔ ကီတာတို႔က ဒဏ္ရာရေနၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ရိုဂ်ိဳနဲ႔ ဖီးဂ်ဳံးတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က လီဗာပူးလ္က အနိုင္ရဖို႔ ၄၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀% နဲ႔ မန္ခ်က္စတာယူနိုက္အနိုင္ရဖို႔ ၄၀% ရွိေနပါတယ္။