သရေရလဒ် ဖြစ်လာနိုင်တဲ့ ဝုဗ်နဲ့ အဲဗာတန်

0
334

 

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အဖြစ် ဝုဗ်အသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ဝုဗ်အသင်းရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၃-၁-၂၀၂၁ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၄၅ နာရီကစားသွားရမှာ ဖြစ်ပါတယ်။ ဝုဗ်အသင်းက ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားအပြီး ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပြီး အဲဗာတန်က ၁၆ ပွဲကစားအပြီး ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဝုဗ် ၃ – ၀ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၃ – ၂ ဝုဗ်(ပရီးမီးယားလိဂ်)

အဲဗာတန် ၁ – ၃ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ် ၂ – ၂ အဲဗာတန်(ပရီးမီးယားလိဂ်)

ဝုဗ် ၀ – ၀ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၂ – ၁ ဝုဗ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဝုဗ်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး အဲဗာတန်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး သုံးပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ ဝုဗ်အသင်းက အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲသာ ရှုံးထားပြီး နှစ်ပွဲနိုင် သုံးပွဲသရေ ဖြစ်ပေါ်ထားပါတယ်။ အဲဗာတန်က ဝုဗ်အသင်းရဲ့ ကွင်းမှာ ၂၀၁၁ ခုနှစ်က ၃-၀ နဲ့ အနိုင်ရခဲ့ပြီး နောက်ပိုင်း နိုင်ပွဲရရှိခြင်း မရှိခဲ့ပါဘူး။ အဲဗာတန်အသင်းအနေနဲ့ ဝုဗ်အသင်းကို အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် ပွဲ ၄၀၀ ပြည့် နိုင်ပွဲဖြစ်တဲ့ ခုနစ်သင်းမြောက်အသင်းဖြစ်လာမှာ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား ရစ်ချာလီဆန်က ဝုဗ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ လေးပွဲမှာ လေးဂိုးသွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်ခဲ့ပြီး နောက်ထပ်ဂိုးတွေ သွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ဝုဗ်အသင်းက အဲဗာတန်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ သွင်းဂိုးအနည်းဆုံး နှစ်ဂိုး သွင်းယူ ထားနိုင်ပါတယ်။

ဝုဗ်အသင်းမှာ မာကယ်၊ ဂျင်မီနက်ဇ်၊ ပိုဒန်စီနဲ့ ဂျော်နီတို့က ဒဏ်ရာရနေပြီး အဲဗာတန်အသင်းမှာ အယ်လန်၊ ဒီလက်နဲ့ ဂါဘာမင်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဝုဗ်အသင်းအနိုင်ရဖို့ ၄၀%နဲ့ သရေဖြစ်ဖို့ ၂၀% ရှိနေပြီး အဲဗာတန် အနိုင်ရဖို့ ၄၀% ရှိနေပါတယ်။

Zawgyi

သေရရလဒ္ ျဖစ္လာနိုင္တဲ့ ဝုဗ္နဲ႔ အဲဗာတန္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၈ အျဖစ္ ဝုဗ္အသင္းနဲ႔ အဲဗာတန္အသင္းတို႔ဟာ ဝုဗ္အသင္းရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၃-၁-၂၀၂၁ ရက္ ဗုဒၶဟူးေန႔ နံနက္ ၂း၄၅ နာရီကစားသြားရမွာ ျဖစ္ပါတယ္။ ဝုဗ္အသင္းက ပရီးမီးယားလိဂ္ ၁၇ ပြဲ ကစားအၿပီး ရမွတ္ ၂၂ မွတ္နဲ႔ အဆင့္ ၁၃ ေနရာမွာ ရွိေနၿပီး အဲဗာတန္က ၁၆ ပြဲကစားအၿပီး ရမွတ္ ၂၉ မွတ္နဲ႔ အဆင့္ ၇ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ဝုဗ္ ၃ – ၀ အဲဗာတန္(ပရီးမီးယားလိဂ္)
အဲဗာတန္ ၃ – ၂ ဝုဗ္(ပရီးမီးယားလိဂ္)
အဲဗာတန္ ၁ – ၃ ဝုဗ္(ပရီးမီးယားလိဂ္)
ဝုဗ္ ၂ – ၂ အဲဗာတန္(ပရီးမီးယားလိဂ္)
ဝုဗ္ ၀ – ၀ အဲဗာတန္(ပရီးမီးယားလိဂ္)
အဲဗာတန္ ၂ – ၁ ဝုဗ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ဝုဗ္အသင္းက ႏွစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားၿပီး အဲဗာတန္အသင္းက ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲကစားအၿပီး သုံးပြဲနိုင္ ႏွစ္ပြဲရႈံးထားပါတယ္။ ဝုဗ္အသင္းက အဲဗာတန္အသင္းနဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံးေျခာက္ပြဲမွာ တစ္ပြဲသာ ရႈံးထားၿပီး ႏွစ္ပြဲနိုင္ သုံးပြဲသေရ ျဖစ္ေပၚထားပါတယ္။ အဲဗာတန္က ဝုဗ္အသင္းရဲ့ ကြင္းမွာ ၂၀၁၁ ခုႏွစ္က ၃-၀ နဲ႔ အနိုင္ရခဲ့ၿပီး ေနာက္ပိုင္း နိုင္ပြဲရရွိျခင္း မရွိခဲ့ပါဘူး။ အဲဗာတန္အသင္းအေနနဲ႔ ဝုဗ္အသင္းကို အနိုင္ရခဲ့ရင္ ပရီးမီးယားလိဂ္ ပြဲ ၄၀၀ ျပည့္ နိုင္ပြဲျဖစ္တဲ့ ခုနစ္သင္းေျမာက္အသင္းျဖစ္လာမွာ ျဖစ္လာမွာ ျဖစ္ပါတယ္။ အဲဗာတန္အသင္းရဲ့ တိုက္စစ္ကစားသမား ရစ္ခ်ာလီဆန္က ဝုဗ္အသင္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ေလးပြဲမွာ ေလးဂိုးသြင္းယူထားနိုင္တဲ့ ကစားသမားျဖစ္ခဲ့ၿပီး ေနာက္ထပ္ဂိုးေတြ သြင္းယူနိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။ ဝုဗ္အသင္းက အဲဗာတန္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေလးပြဲမွာ သြင္းဂိုးအနည္းဆုံး ႏွစ္ဂိုး သြင္းယူ ထားနိုင္ပါတယ္။
ဝုဗ္အသင္းမွာ မာကယ္၊ ဂ်င္မီနက္ဇ္၊ ပိုဒန္စီနဲ႔ ေဂ်ာ္နီတို႔က ဒဏ္ရာရေနၿပီး အဲဗာတန္အသင္းမွာ အယ္လန္၊ ဒီလက္နဲ႔ ဂါဘာမင္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဝုဗ္အသင္းအနိုင္ရဖို႔ ၄၀%နဲ႔ သေရျဖစ္ဖို႔ ၂၀% ရွိေနၿပီး အဲဗာတန္ အနိုင္ရဖို႔ ၄၀% ရွိေနပါတယ္။