အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ဖို့ အိမ်ရှင်မန်စီးတီးက ရှက်ဖီးလ်ကို နှစ်ဂိုးပြတ်လောက် အနိုင်ယူသွားနိုင်တယ်

0
173

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ အဖြစ် မန်စီးတီးအသင်းနဲ့ ရှက်ဖီးလ်အသင်းတို့ဟာ မန်စီးတီးရဲ့ အိမ်ကွင်းပွဲ အဖြစ် ၃၀-၁-၂၀၂၁ ရက် စနေနေ့ည ၉း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် တစ်ပွဲကျန် ၁၉ ပွဲ ကစားအပြီး ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရှိနေပြီး ရှက်ဖီးလ်အသင်းက ပွဲ ၂၀ ကစားအပြီး ရမှတ် ၈ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရှက်ဖီးလ် ၀ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

ရှက်ဖီးလ် ၀ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၂ – ၀ ရှက်ဖီးလ်(ပရီးမီးယားလိဂ်)

ရှက်ဖီးလ် ၂ – ၁ မန်စီးတီး(အက်ဖ်အေဖလား)

ရှက်ဖီးလ် ၀ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၀ – ၀ ရှက်ဖီးလ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်စီးတီးက ခြောက်ပွဲဆက် အနိုင်ရထားပြီး ရှက်ဖီးလ် အသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး ခုနစ်ပွဲဆက် အနိုင်ရထားပြီး မန်စီးတီးက အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါ တယ်။ မန်စီးတီးက ရှက်ဖီးလ်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲမှာ အနိုင်ရထားပြီး မန်စီးတီးက အိမ်ကွင်းမှာ ရှက်ဖီးလ်နဲ့တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ မန်စီးတီးက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၈ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ပေးဂိုး လေးဂိုးသာ ပေးထားရပါတယ်။ ရှက်ဖီးလ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲမှာ နှစ်ပွဲ အနိုင်ရထားပါတယ်။

မန်စီးတီးအသင်းမှာ ဒီဘလိုင်နဲ့ အေကီတို့က ဒဏ်ရာရနေပြီး ရှက်ဖီးလ်အသင်းမှာ ဘာဂျီ၊ အိုကွန်နယ်လ်၊ ရော်ဘင်ဆင်၊ အော့ဘွန်နဲ့ မက်ဘာနီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်စီးတီးက အိမ်ကွင်းမှာ အနိုင်ရဖို့ ၈၅% ရှိနေပြီး ရှက်ဖီးလ်အသင်း အနိုင်ရဖို့ ၁၅% ရှိနေပါတယ်။

Zawgyi

