အမှတ်ပေးဇယားကို ဦးဆောင်ခွင့်မျှော်လင့်ချက်နဲ့ အိမ်ရှင် လက်စတာက ဖိအားပေးကစားသွားနိုင်ပေမဲ့ သရေရလဒ်လောက်ပဲ ဖြစ်လာနိုင်တယ်

0
566

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် လက်စတာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ လက်စတာရဲ့ အိမ်ကွင်းပွဲ အဖြစ် ၂၀-၁-၂၀၂၁ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လက်စတာအသင်းက ပရီးမီးယားလိဂ် ၁၈ ပွဲ ကစားအပြီး ရမှတ် ၃၅ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ချဲလ်ဆီးအသင်းက ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လက်စတာ ၀ – ၁ ချဲလ်ဆီး(အက်ဖ်အေဖလား)

လက်စတာ ၂ – ၂ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၁ – ၁ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၀ – ၀ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၀ – ၁ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၁ – ၂ ချဲလ်ဆီး(အက်ဖ်အေဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လက်စတာက လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး ချဲလ်ဆီးက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ချဲလ်ဆီးအသင်းက လက်စတာနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံး ၁၂ ပွဲမှာ ၁၁ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ လက်စတာစီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ချဲလ်ဆီးအသင်းက လက်စတာကွင်းမှာ သွားရောက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ခုနစ်ပွဲမှာ ရှုံးပွဲမရှိဖြစ်ပေါ်ထားပြီး ငါးပွဲအနိုင်ရထားပါတယ်။ လက်စတာအသင်းက ချဲလ်ဆီးနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

လက်စတာအသင်းမှာ ပါရာအက်က ဒဏ်ရာရနေပြီး ဗာဒီက ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ချဲလ်ဆီးမှာ ကန်တီက ဒဏ်ရာရနေပြီး ခရစ္စတီဆမ်က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လက်စတာက အနိုင်ရဖို့ ၂၀% ရှိနေပြီး သရေဖြစ်ဖို့ ၅၀%နဲ့ ချဲလ်ဆီး အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

အမွတ္ေပးဇယားကို ဦးေဆာင္ခြင့္ေမၽွာ္လင့္ခ်က္နဲ႔ အိမ္ရွင္ လက္စတာက ဖိအားေပးကစားသြားနိုင္ေပမဲ့ သေရရလဒ္ေလာက္ပဲ ျဖစ္လာနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၉ အျဖစ္ လက္စတာအသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ လက္စတာရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၂၀-၁-၂၀၂၁ ရက္ ဗုဒၶဟူးေန႔ နံနက္ ၂း၄၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ လက္စတာအသင္းက ပရီးမီးယားလိဂ္ ၁၈ ပြဲ ကစားအၿပီး ရမွတ္ ၃၅ မွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရွိေနၿပီး ခ်ဲလ္ဆီးအသင္းက ရမွတ္ ၂၉ မွတ္နဲ႔ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လက္စတာ ၀ – ၁ ခ်ဲလ္ဆီး(အက္ဖ္ေအဖလား)
လက္စတာ ၂ – ၂ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၁ – ၁ လက္စတာ(ပရီးမီးယားလိဂ္)
လက္စတာ ၀ – ၀ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၀ – ၁ လက္စတာ(ပရီးမီးယားလိဂ္)
လက္စတာ ၁ – ၂ ခ်ဲလ္ဆီး(အက္ဖ္ေအဖလား)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး လက္စတာက ေလးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားၿပီး ခ်ဲလ္ဆီးက သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။ ခ်ဲလ္ဆီးအသင္းက လက္စတာနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲ အရပ္ရပ္ ေနာက္ဆုံး ၁၂ ပြဲမွာ ၁၁ ပြဲ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ လက္စတာစီးတီးက ပရီးမီးယားလိဂ္ ေနာက္ဆုံး ငါးပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ ခ်ဲလ္ဆီးအသင္းက လက္စတာကြင္းမွာ သြားေရာက္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ခုနစ္ပြဲမွာ ရႈံးပြဲမရွိျဖစ္ေပၚထားၿပီး ငါးပြဲအနိုင္ရထားပါတယ္။ လက္စတာအသင္းက ခ်ဲလ္ဆီးနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ခုနစ္ပြဲကစားအၿပီး ေျခာက္ပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးေအာက္သာ သြင္းယူနိုင္ခဲ့ပါတယ္။
လက္စတာအသင္းမွာ ပါရာအက္က ဒဏ္ရာရေနၿပီး ဗာဒီက ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ ခ်ဲလ္ဆီးမွာ ကန္တီက ဒဏ္ရာရေနၿပီး ခရစၥတီဆမ္က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က လက္စတာက အနိုင္ရဖို႔ ၂၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၅၀%နဲ႔ ခ်ဲလ္ဆီး အနိုင္ရဖို႔ ၃၀% ရွိေနပါတယ္။