အမှတ်ပေးဇယား ဦးဆောင်ခွင့်ရှိနေလို့ ဘန်လေကွင်းမှာ မန်ချက်စတာယူနိုက်တက် ရမှတ်ယူနိုင်အောင် ကြိုးစားသွားမှာပါ

0
372

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အဖြစ် ဘန်လေအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ဘန်လေရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၃-၁-၂၀၂၁ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘန်လေ အသင်းက ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားအပြီး ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်က ၁၆ ပွဲကစားအပြီး ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်ချက်စတာယူနိုက်တက် ၀ – ၂ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၀ – ၂ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၂ – ၂ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၀ – ၂ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ဘန်လေ ၀ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၂ – ၂ ဘန်လေ(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး ဘန်လေအသင်းက သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး မန်ချက်စတာယူနိုက်တက်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲမှာ လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပါ တယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ၁၁ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ဘန်လေအသင်းရဲ့ ကွင်းမှာ သွားရောက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲမှာ အနိုင်ရထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ဘန်လေအသင်းရဲ့ ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲ ကစားအပြီး ရှစ်ပွဲ အနိုင်ရထားပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူး မာရှယ်က ဘန်လေအသင်းရဲ့ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲမှာ ဂိုးသွင်းယူထားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ယခုနှစ် ဘောလုံး ရာသီမှာ အဝေးကွင်းသွင်းဂိုး ၂၁ ဂိုးအထိ ရှိနေပြီး အခြားအသင်းတွေက အဝေးကွင်းဂိုးပိုမို သွင်းယူထားနိုင်သလို ပေးဂိုးမရှိအဖြစ်လည်း စွမ်းဆောင်ထားနိုင်ပါတယ်။ ဘန်လေအသင်းက ယခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုး ကိုးဂိုးသာ သွင်းယူထားနိုင်ပြီး အမှတ်ပေးဇယားအောက်ဆုံးမှာ ရှိနေတဲ့ ရှက်ဖီးလ်အသင်းထက် သွင်းဂိုး တစ်ဂိုးသာ ပိုသွင်းယူနိုင်ပါတယ်။

ဘန်လေအသင်းမှာ ဒန်နီ၊ ဂျေး ရိုဒီဂွက်ဇ်၊ တိုင်လာတို့က ပါဝင်နိုင်ဖို့ မသေချာသလို မန်ချက်စတာ ယူနိုက်တက်မှာ ရိုဂျိုနဲ့ ဂွျန်စတုန်းတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်ချက်စတာယူနိုက်တက်က အဝေးကွင်းမှာ အနိုင်ရဖို့ ၉၀% ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

အမွတ္ေပးဇယား ဦးေဆာင္ခြင့္ရွိေနလို႔ ဘန္ေလကြင္းမွာ မန္ခ်က္စတာယူနိုက္တက္ ရမွတ္ယူနိုင္ေအာင္ ႀကိဳးစားသြားမွာပါ

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၇ အျဖစ္ ဘန္ေလအသင္းနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ဟာ ဘန္ေလရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၃-၁-၂၀၂၁ ရက္ ဗုဒၶဟူးေန႔ နံနက္ ၂း၄၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဘန္ေလ အသင္းက ပရီးမီးယားလိဂ္ ၁၅ ပြဲ ကစားအၿပီး ရမွတ္ ၁၆ မွတ္နဲ႔ အဆင့္ ၁၆ ေနရာမွာ ရွိေနၿပီး မန္ခ်က္စတာယူနိုက္တက္က ၁၆ ပြဲကစားအၿပီး ရမွတ္ ၃၃ မွတ္နဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
မန္ခ်က္စတာယူနိုက္တက္ ၀ – ၂ ဘန္ေလ(ပရီးမီးယားလိဂ္)
ဘန္ေလ ၀ – ၂ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၂ – ၂ ဘန္ေလ(ပရီးမီးယားလိဂ္)
ဘန္ေလ ၀ – ၂ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
ဘန္ေလ ၀ – ၁ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၂ – ၂ ဘန္ေလ(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲကစားအၿပီး ဘန္ေလအသင္းက သုံးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားၿပီး မန္ခ်က္စတာယူနိုက္တက္က ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲမွာ ေလးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားပါ တယ္။ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ၁၁ ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ဘန္ေလအသင္းရဲ့ ကြင္းမွာ သြားေရာက္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ေလးပြဲမွာ အနိုင္ရထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ဘန္ေလအသင္းရဲ့ ကြင္းမွာ သြားေရာက္ကစားခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၀ ပြဲ ကစားအၿပီး ရွစ္ပြဲ အနိုင္ရထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္ရဲ့ တိုက္စစ္မႉး မာရွယ္က ဘန္ေလအသင္းရဲ့ကြင္းမွာ သြားေရာက္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲမွာ ဂိုးသြင္းယူထားနိုင္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ယခုႏွစ္ ေဘာလုံး ရာသီမွာ အေဝးကြင္းသြင္းဂိုး ၂၁ ဂိုးအထိ ရွိေနၿပီး အျခားအသင္းေတြက အေဝးကြင္းဂိုးပိုမို သြင္းယူထားနိုင္သလို ေပးဂိုးမရွိအျဖစ္လည္း စြမ္းေဆာင္ထားနိုင္ပါတယ္။ ဘန္ေလအသင္းက ယခုႏွစ္ ေဘာလုံးရာသီမွာ သြင္းဂိုး ကိုးဂိုးသာ သြင္းယူထားနိုင္ၿပီး အမွတ္ေပးဇယားေအာက္ဆုံးမွာ ရွိေနတဲ့ ရွက္ဖီးလ္အသင္းထက္ သြင္းဂိုး တစ္ဂိုးသာ ပိုသြင္းယူနိုင္ပါတယ္။
ဘန္ေလအသင္းမွာ ဒန္နီ၊ ေဂ်း ရိုဒီဂြက္ဇ္၊ တိုင္လာတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာသလို မန္ခ်က္စတာ ယူနိုက္တက္မွာ ရိုဂ်ိဳနဲ႔ ဂြ်န္စတုန္းတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က မန္ခ်က္စတာယူနိုက္တက္က အေဝးကြင္းမွာ အနိုင္ရဖို႔ ၉၀% ရွိေနၿပီး သြင္းဂိုး ၂-၁ ေလာက္ ျဖစ္ေပၚလာနိုင္ပါတယ္။