အယ်ချီကွင်းမှာ ဘာစီလိုနာအနိုင်ရဖို့ ၇၀% ရှိတယ်

0
165

 

လာလီဂါပွဲစဉ် ၁၉ အဖြစ် အယ်ချီအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ အယ်ချီရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၄-၁-၂၀၂၁ ရက် တနင်္ဂနွေနေ့ည ၉း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အယ်ချီအသင်းက လာလီဂါ ၁၇ ပွဲ ကစား အပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရှိနေပြီး ဘာစီလိုနာက ၁၈ ပွဲကစားအပြီး ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အယ်ချီ ၀ – ၁ ဘာစီလိုနာ(ခြေစမ်းပွဲ)

အယ်ချီ ၀ – ၆ ဘာစီလိုနာ(လာလီဂါ)

အယ်ချီ ၀ – ၄ ဘာစီလိုနာ(ကိုပါဒယ်လ်ရေး)

ဘာစီလိုနာ ၅ – ၀ အယ်ချီ(ကိုပါဒယ်လ်ရေး)

ဘာစီလိုနာ ၃ – ၀ အယ်ချီ(လာလီဂါ)

အယ်ချီ ၀ – ၀ ဘာစီလိုနာ(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး အယ်ချီအသင်းက တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ သုံးပွဲရှုံး ထားပြီး ဘာစီလိုနာက လေးပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။ ဘာစီလိုနာက အယ်ချီအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲတွေ့ဆုံအပြီး ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ဘာစီလိုနာက အယ်ချီအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲဆက် အနိုင်ရထားပါတယ်။ အယ်ချီအသင်းက လာလီဂါနောက်ဆုံး ၁၂ ပွဲမှာ နိုင်ပွဲပျောက်ဆုံးခဲ့ပါ တယ်။ ဘာစီလိုနာက လာလီဂါနောက်ဆုံး လေးပွဲဆက် အနိုင်ရထားပါတယ်။

အယ်ချီအသင်းမှာ ဖီဒဲလ်က ဒဏ်ရာရနေပြီး ဘာစီလိုနာအသင်းမှာ ဖာတီ၊ ရော်ဘတ်တို၊ ပီကေးနဲ့ ကော်တင်ဟိုတို့က ဒဏ်ရာရနေပြီး မက်ဆီက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အယ်ချီအနိုင်ရဖို့ ၁၅%နဲ့ သရေဖြစ်ဖို့ ၁၅% ရှိနေပြီး ဘာစီလိုနာ အနိုင်ရဖို့ ၇၀% ရှိနေပါတယ်။

Zawgyi

