အိမ်ကွင်းမှာ အာဆင်နယ်အနိုင်ရဖို့ ၆၀% ရှိတယ်

0
333

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အဖြစ် အာဆင်နယ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့အသင်းတို့ဟာ အာဆင်နယ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၅-၁-၂၀၂၁ ရက် သောကြာနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားအပြီး ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရှိနေပြီး ခရစ္စတယ်ပဲလေ့က ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ခရစ္စတယ်ပဲလေ့ ၁ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၂ ခရစ္စတယ်ပဲလေ့(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၃ ခရစ္စတယ်ပဲလေ့(ပရီးမီးယားလိဂ်)

ခရစ္စတယ်ပဲလေ့ ၂ – ၂ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၄ – ၁ ခရစ္စတယ်ပဲလေ့(ပရီးမီးယားလိဂ်)

ခရစ္စတယ်ပဲလေ့ ၂ – ၃ အာဆင်နယ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အာဆင်နယ်က လေးပွဲနိုင် နှစ်ပွဲရှုံးထားပြီး ခရစ္စတယ်ပဲလေ့က တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ အာဆင်နယ်က ခရစ္စတယ်ပဲလေ့နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ လေးကြိမ်မှာ အနိုင်ရရှိခြင်း မရှိခဲ့ဘဲ သုံးပွဲသရေ တစ်ပွဲရှုံးထားပါတယ်။ အာဆင်နယ်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် လေးပွဲအနိုင်ရထားခဲ့ပြီး သွင်းဂိုး ၁၀-၁ ဂိုး သွင်းယူထားနိုင်ပါတယ်။ အာဆင်နယ် အနေနဲ့ ခရစ္စတယ်ပဲလေ့ကို အနိုင်ရခဲ့ရင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ပရီးမီးယားလိဂ် လေးပွဲဆက် အနိုင်ရလဒ် ဖြစ်လာမှာ ဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီရန်က ခရစ္စတယ်ပဲလေ့နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ လေးပွဲမှာ သုံးဂိုး သွင်းယူထားနိုင်ပါတယ်။ အာဆင်နယ်က ခရစ္စတယ်ပဲလေ့နဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါ တယ်။ ခရစ္စတယ်ပဲလေ့က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပြီး ပေးဂိုး ၁၄ ဂိုး အထိ ဖြစ်ပေါ်ထားပါတယ်။ ခရစ္စတယ်ပဲလေ့ကစားသမား မီလီဗိုဂျီဗစ်က အာဆင်နယ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ခြောက်ပွဲမှာ ငါးဂိုးသွင်းယူထားနိုင်ပါတယ်။ ခရစ္စတယ်ပဲလေ့ မန်နေဂျာ ရွိုင်ဟော်ဆန်က အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ၁၈ ကြိမ်တွေ့ဆုံခဲ့အပြီးမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။

အာဆင်နယ်အသင်းမှာ မာတင်နယ်လီက ဒဏ်ရာရနေပြီး ပါတေးက ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ခရစ္စတယ်ပဲလေ့အသင်းမှာ ဆာခို၊ ဝှစ်ဟမ်း၊ ကယ်လီ၊ ဟမ်နက်ဆီ၊ ဖာဂူဆန်နဲ့ ရှာလပ်တို့က ဒဏ်ရာရနေပြီး ကာဟေးနဲ့ စကော့ဒမ်းတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အာဆင်နယ်အသင်းက အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀%နဲ့ ခရစ္စတယ်ပဲလေ့အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

အိမ္ကြင္းမွာ အာဆင္နယ္အနိုင္ရဖို႔ ၆၀% ရွိတယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၈ အျဖစ္ အာဆင္နယ္အသင္းနဲ႔ ခရစၥတယ္ပဲေလ့အသင္းတို႔ဟာ အာဆင္နယ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၅-၁-၂၀၂၁ ရက္ ေသာၾကာေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္က ပရီးမီးယားလိဂ္ ၁၇ ပြဲ ကစားအၿပီး ရမွတ္ ၂၃ မွတ္နဲ႔ အဆင့္ ၁၁ ေနရာမွာ ရွိေနၿပီး ခရစၥတယ္ပဲေလ့က ရမွတ္ ၂၂ မွတ္နဲ႔ အဆင့္ ၁၃ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ခရစၥတယ္ပဲေလ့ ၁ – ၁ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၂ – ၂ ခရစၥတယ္ပဲေလ့(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၂ – ၃ ခရစၥတယ္ပဲေလ့(ပရီးမီးယားလိဂ္)
ခရစၥတယ္ပဲေလ့ ၂ – ၂ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၄ – ၁ ခရစၥတယ္ပဲေလ့(ပရီးမီးယားလိဂ္)
ခရစၥတယ္ပဲေလ့ ၂ – ၃ အာဆင္နယ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး အာဆင္နယ္က ေလးပြဲနိုင္ ႏွစ္ပြဲရႈံးထားၿပီး ခရစၥတယ္ပဲေလ့က တစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားပါတယ္။ အာဆင္နယ္က ခရစၥတယ္ပဲေလ့နဲ႔ ေနာက္ဆုံး ေတြ႕ဆုံခဲ့တဲ့ ေလးႀကိမ္မွာ အနိုင္ရရွိျခင္း မရွိခဲ့ဘဲ သုံးပြဲသေရ တစ္ပြဲရႈံးထားပါတယ္။ အာဆင္နယ္က ေနာက္ဆုံး ကစားခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေလးပြဲအနိုင္ရထားခဲ့ၿပီး သြင္းဂိုး ၁၀-၁ ဂိုး သြင္းယူထားနိုင္ပါတယ္။ အာဆင္နယ္ အေနနဲ႔ ခရစၥတယ္ပဲေလ့ကို အနိုင္ရခဲ့ရင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ေနာက္ပိုင္း ပရီးမီးယားလိဂ္ ေလးပြဲဆက္ အနိုင္ရလဒ္ ျဖစ္လာမွာ ျဖစ္ပါတယ္။ အာဆင္နယ္တိုက္စစ္မႉး အူဘာမီရန္က ခရစၥတယ္ပဲေလ့နဲ႔ ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲ ေလးပြဲမွာ သုံးဂိုး သြင္းယူထားနိုင္ပါတယ္။ အာဆင္နယ္က ခရစၥတယ္ပဲေလ့နဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးရွစ္ပြဲကစားအၿပီး ခုနစ္ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါ တယ္။ ခရစၥတယ္ပဲေလ့က ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ခုနစ္ပြဲမွာ တစ္ပြဲသာ အနိုင္ရထားၿပီး ေပးဂိုး ၁၄ ဂိုး အထိ ျဖစ္ေပၚထားပါတယ္။ ခရစၥတယ္ပဲေလ့ကစားသမား မီလီဗိုဂ်ီဗစ္က အာဆင္နယ္အသင္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ေျခာက္ပြဲမွာ ငါးဂိုးသြင္းယူထားနိုင္ပါတယ္။ ခရစၥတယ္ပဲေလ့ မန္ေနဂ်ာ ရြိဳင္ေဟာ္ဆန္က အာဆင္နယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ ၁၈ ႀကိမ္ေတြ႕ဆုံခဲ့အၿပီးမွာ တစ္ပြဲသာ အနိုင္ရထားပါတယ္။
အာဆင္နယ္အသင္းမွာ မာတင္နယ္လီက ဒဏ္ရာရေနၿပီး ပါေတးက ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ ခရစၥတယ္ပဲေလ့အသင္းမွာ ဆာခို၊ ဝွစ္ဟမ္း၊ ကယ္လီ၊ ဟမ္နက္ဆီ၊ ဖာဂူဆန္နဲ႔ ရွာလပ္တို႔က ဒဏ္ရာရေနၿပီး ကာေဟးနဲ႔ စေကာ့ဒမ္းတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အာဆင္နယ္အသင္းက အနိုင္ရဖို႔ ၆၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀%နဲ႔ ခရစၥတယ္ပဲေလ့အနိုင္ရဖို႔ ၂၀% ရွိေနပါတယ္။