အိမ်ရှင်ချဲလ်ဆီး အနိုင်ရဖို့ ၇၅% ရှိတယ်

0
165

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ အဖြစ် ချဲလ်ဆီးအသင်းနဲ့ ဘန်လေအသင်းတို့ဟာ ချဲလ်ဆီးရဲ့ အိမ်ကွင်းပွဲ အဖြစ် ၃၁-၁-၂၀၂၁ ရက် တနင်္ဂနွေနေ့ည ၆း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် ပွဲ ၂၀ ကစားအပြီး ရမှတ် ၃၀ နဲ့ အဆင့် ၁၀ နေရာမှာ ရှိနေပြီး ဘန်လေအသင်းက တစ်ပွဲကျန် ၉ ပွဲကစားအပြီး ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဘန်လေ ၀ – ၃ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၃ – ၀ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၂ – ၄ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၂ – ၂ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၀ – ၄ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ဘန်လေ ၁ – ၂ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး ချဲလ်ဆီးအသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံး ထားပြီး ဘန်လေအသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ ဘန်လေအသင်းက ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲတွေ့ဆုံအပြီး ၂၀၁၇ ဩဂုတ်က အဝေးကွင်းမှာ ၃-၂ နဲ့ အနိုင်ရခဲ့ပြီး သုံးပွဲသရေ ကိုးပွဲရှုံးထား ပါတယ်။ ချဲလ်ဆီးအသင်းက ဘန်လေအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ချဲလ်ဆီးက ဘန်လေအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲတွေ့ဆုံအပြီး ငါးပွဲ အနိုင်ရထားပါတယ်။ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးကိုးပွဲမှာ နှစ်ပွဲအနိုင်ရပြီး နှစ်ပွဲသရေနဲ့ ငါးပွဲရှုံးထားပါတယ်။ ချဲလ်ဆီးက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံးရှစ်ပွဲမှာ သုံးပွဲသာ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီးက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးပွဲ ၃၀ မှာ ၁၄ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ဘန်လေအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးကိုးပွဲမှာ ငါးပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။

ချဲလ်ဆီးအသင်းမှာ ကန်တီက ပါဝင်နိုင်ဖို့ မသေချာသလို ဘန်လေအသင်းမှာ တိုင်လာနဲ့ ဘရောင်းဟေးလ်တို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ချဲလ်ဆီးအသင်းက အနိုင်ရဖို့ ၇၅% ရှိနေပြီး သရေဖို့ ၂၅% ရှိနေပါတယ်။

Zawgyi

