အိမ်ရှင် မန်ချက်စတာယူနိုက်တက်က လီဗာပူးလ်ကို အနိုင်ရဖို့ ၆၅% ရှိနေတယ်

0
300

 

အက်ဖ်အေဖလား စတုတ္ထအဆင့်ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၄-၁-၂၀၂၁ ရက် တနင်္ဂနွေနေ့ည ၁၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လီဗာပူးလ် ၀ – ၀ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၀ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၀ – ၀ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၃ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၄ လီဗာပူးလ်(အင်တာနေရှင်နယ် ချန်ပီယံဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး လီဗာပူးလ်အသင်းက တစ်ပွဲနိုင် သုံးပွဲသရေ နှစ်ပွဲရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က အက်ဖ်အေဖလားပွဲ အိမ်ကွင်းမှာ ခုနစ်ပွဲဆက် အနိုင်ရထားသလို ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေမှာ ၂၀၁၂ ခုနှစ်က လီဗာပူးလ်ကို ၂-၁ နဲ့ ရှုံးခဲ့ပေမဲ့ ကျန်ပွဲတွေမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ လီဗာပူးလ်အသင်းက အက်ဖ်အေဖလား အဝေးကွင်းပွဲ ၁၇ ပွဲမှာ ၁၅ ဂိုး သွင်းယူထားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ အက်ဖ်အေဖလားပွဲစဉ် တွေမှာ ၁၇ ကြိမ်တွေ့ဆုံအပြီး လီဗာပူးလ်က ကိုးကြိမ်ရှုံးထားပြီး လေးပွဲနိုင် လေးပွဲသရေ ဖြစ်ပေါ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ရိုဂျို၊ ဖီးလ်ဂျုံးနဲ့ ဝီလ်ယမ်တို့က ဒဏ်ရာရနေပြီး လီဗာပူးလ်အသင်းမှာ ဗန်ဒိုက်၊ ဂိုမက်ဇ်၊ ကီတာနဲ့ ဂျိုတာတို့က ဒဏ်ရာရနေပြီး ဟမ်ဒါဆင်က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၆၅% ရှိနေပြီး သရေဖြစ်ဖို့ ၁၅% နဲ့ လီဗာပူးလ်အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

အိမ္ရွင္ မန္ခ်က္စတာယူနိုက္တက္က လီဗာပူးလ္ကို အနိုင္ရဖို႔ ၆၅% ရွိေနတယ္

အက္ဖ္ေအဖလား စတုတၳအဆင့္ၿပိဳင္ပြဲရဲ့ အေကာင္းဆုံးပြဲစဥ္တစ္ပြဲျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၄-၁-၂၀၂၁ ရက္ တနဂၤေႏြေန႔ည ၁၁း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လီဗာပူးလ္ ၀ – ၀ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၂ – ၀ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၁ – ၁ လီဗာပူးလ္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၀ – ၀ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၃ – ၁ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၁ – ၄ လီဗာပူးလ္(အင္တာေနရွင္နယ္ ခ်န္ပီယံဖလား)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး မန္ခ်က္စတာယူနိုက္တက္က ေလးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားၿပီး လီဗာပူးလ္အသင္းက တစ္ပြဲနိုင္ သုံးပြဲသေရ ႏွစ္ပြဲရႈံးထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က အက္ဖ္ေအဖလားပြဲ အိမ္ကြင္းမွာ ခုနစ္ပြဲဆက္ အနိုင္ရထားသလို ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္က အက္ဖ္ေအဖလား စတုတၳအဆင့္ ပြဲစဥ္ေတြမွာ ၂၀၁၂ ခုႏွစ္က လီဗာပူးလ္ကို ၂-၁ နဲ႔ ရႈံးခဲ့ေပမဲ့ က်န္ပြဲေတြမွာ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ လီဗာပူးလ္အသင္းက အက္ဖ္ေအဖလား အေဝးကြင္းပြဲ ၁၇ ပြဲမွာ ၁၅ ဂိုး သြင္းယူထားနိုင္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ဟာ အက္ဖ္ေအဖလားပြဲစဥ္ ေတြမွာ ၁၇ ႀကိမ္ေတြ႕ဆုံအၿပီး လီဗာပူးလ္က ကိုးႀကိမ္ရႈံးထားၿပီး ေလးပြဲနိုင္ ေလးပြဲသေရ ျဖစ္ေပၚထားပါတယ္။
မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ရိုဂ်ိဳ၊ ဖီးလ္ဂ်ဳံးနဲ႔ ဝီလ္ယမ္တို႔က ဒဏ္ရာရေနၿပီး လီဗာပူးလ္အသင္းမွာ ဗန္ဒိုက္၊ ဂိုမက္ဇ္၊ ကီတာနဲ႔ ဂ်ိဳတာတို႔က ဒဏ္ရာရေနၿပီး ဟမ္ဒါဆင္က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အိမ္ရွင္ မန္ခ်က္စတာယူနိုက္တက္က အနိုင္ရဖို႔ ၆၅% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၅% နဲ႔ လီဗာပူးလ္အနိုင္ရဖို႔ ၂၀% ရွိေနပါတယ္။