အိမ်ရှင် မန်ချက်စတာယူနိုက်တက်က အနိုင်ရလဒ်အတွက် အသေချာဆုံးပါပဲ

0
370

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရှက်ဖီးလ်အသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၈-၁-၂၀၂၁ ရက် ကြာသပတေးနေ့ နံနက် ၂း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားအပြီး ရမှတ် ၄၀ နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ရှက်ဖီးလ်အသင်းက ရမှတ် ၅ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရှက်ဖီးလ် ၂ – ၃ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၃ – ၀ ရှက်ဖီးလ်(ပရီးမီးယားလိဂ်)

ရှက်ဖီးလ် ၃ – ၃ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၀ ရှက်ဖီးလ်(အက်ဖ်အေဖလား)

မန်ချက်စတာယူနိုက်တက် ၂ – ၀ ရှက်ဖီးလ်(ပရီးမီးယားလိဂ်)

ရှက်ဖီးလ် ၁ – ၂ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး ရှက်ဖီးလ်အသင်းက သုံးပွဲနိုင် သုံးပွဲရှုံးထားပါတယ်။ ရှက်ဖီးလ်အသင်းက ပရီးမီးယားလိဂ် ၂၂ ပွဲ ကစားအပြီး ၁၉ ပွဲရှုံးပွဲတွေ့ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် ၁၃ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ရှက်ဖီးလ်နဲ့တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုးသွင်းယူထားနိုင်သလို ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ နောက်ဆုံးသုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ရိုဂျိုနဲ့ ဖီးလ်ဂျုံးတို့က ဒဏ်ရာရနေပြီး ရှက်ဖီးလ်အသင်းမှာ ဘာဂျီ၊ အိုကွန်နယ်လ်၊ ရော်ဘတ်ဆင်၊ အော့ဘွန်းနဲ့ မက်ဘာနီတို့က ဒဏ်ရာရနေပြီး အီဂန်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၈၀% ရှိနေပြီး ရှက်ဖီးလ် အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

