အိမ်ရှင် မန်စီးတီးက အနိုင်ရလဒ်ဖြစ်ပေါ်လာဖို့ ရာနှုန်းပြည့်ရှိနေတယ်

0
319

 

 

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အဖြစ် မန်စီးတီးအသင်းနဲ့ ဘရိုင်တန်အသင်းတို့ဟာ မန်စီးတီးရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၃-၁-၂၀၂၁ ရက် ဗုဒ္ဓဟူးနေ့ ည ၁၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားအပြီး ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပြီး ဘရိုင်တန်က ၁၇ ပွဲ ကစားအပြီး ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဘရိုင်တန် ၀ – ၅ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၄ – ၀ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၁ – ၄ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၁ – ၀ ဘရိုင်တန်(အက်ဖ်အေဖလား)

မန်စီးတီး ၂ – ၀ ဘရိုင်တန်(ပရီးမီးယားလိဂ်)

မန်စီးတီး ၃ – ၁ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲ ကစားအပြီး မန်စီးတီးက ငါးပွဲနိုင်ထားပြီး ဘရိုင်တန်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး တစ်ပွဲနိုင် လေးပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ မန်စီးတီးက ဘရိုင်တန်အသင်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲတွေ့ဆုံအပြီး အနိုင်ရထားသလို သွင်းဂိုး ၂၀ နဲ့ ပေးဂိုး နှစ်ဂိုးသာ ဖြစ်ပေါ်ထားပါတယ်။ ဘရိုင်တန်အသင်းက မန်စီးတီးကွင်းသွားရောက်ကစားခဲ့တဲ့ ၁၀ ပွဲမှာ အနိုင်ရရှိခြင်း မရှိခဲ့ဘဲ နှစ်ပွဲသရေ ရှစ်ပွဲရှုံးထားပါတယ်။ မန်စီးတီးက ဘရိုင်တန်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် သုံးပွဲမှာ အနည်းဆုံးသွင်းဂိုး လေးဂိုး သွင်းယူထားနိုင်ပါတယ်။ မန်စီးတီးက ဘရိုင်တန်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲမှာ အနိုင်ရထားပါတယ်။ မန်စီးတီးက ဘရိုင်တန်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခုနစ်ပွဲ ကစားအပြီး ငါးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲဆက် အနိုင်ရထားပါတယ်။ ဘရိုင်တန်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ရှစ်ပွဲဆက် အနိုင်ရရှိခြင်း မရှိသေးပါဘူး။

မန်စီးတီးအသင်းမှာ အေကီနဲ့ လိုရန်တေးတို့က ဒဏ်ရာရနေပြီး ဘရိုင်တန်အသင်းမှာ ကွန်မိုလီ၊ အစ်ကွီအာဒို၊ အန်ဒိုနီ၊ လန်တေး၊ လာလာနာနဲ့ ဝဲလ်ဘက်တို့က ဒဏ်ရာရနေသလို ဘစ်ဆိုမာက ပွဲပယ်ပြစ်ဒဏ် ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင်မန်စီးတီးက အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး သွင်းဂိုး ၂-၀ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘရိုင်တန်အနေနဲ့ ပရီးမီးယားလိဂ်ပွဲ ၃၀၀ ပြည့် ပွဲစဉ်ဖြစ်တဲ့အတွက် အဝေးကွင်းမှာ ကြိုးစားရုန်းကန်သွားနိုင်ပါတယ်။

Zawgyi

အိမ္ရွင္ မန္စီးတီးက အနိုင္ရလဒ္ျဖစ္ေပၚလာဖို႔ ရာႏႈန္းျပည့္ရွိေနတယ္

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၆ အျဖစ္ မန္စီးတီးအသင္းနဲ႔ ဘရိုင္တန္အသင္းတို႔ဟာ မန္စီးတီးရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၁၃-၁-၂၀၂၁ ရက္ ဗုဒၶဟူးေန႔ ည ၁၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ မန္စီးတီးက ပရီးမီးယားလိဂ္ ၁၅ ပြဲ ကစားအၿပီး ရမွတ္ ၂၉ မွတ္နဲ႔ အဆင့္ ၆ ေနရာမွာ ရွိေနၿပီး ဘရိုင္တန္က ၁၇ ပြဲ ကစားအၿပီး ရမွတ္ ၁၄ မွတ္နဲ႔ အဆင့္ ၁၇ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ဘရိုင္တန္ ၀ – ၅ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၄ – ၀ ဘရိုင္တန္(ပရီးမီးယားလိဂ္)
ဘရိုင္တန္ ၁ – ၄ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၁ – ၀ ဘရိုင္တန္(အက္ဖ္ေအဖလား)
မန္စီးတီး ၂ – ၀ ဘရိုင္တန္(ပရီးမီးယားလိဂ္)
မန္စီးတီး ၃ – ၁ ဘရိုင္တန္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲ ကစားအၿပီး မန္စီးတီးက ငါးပြဲနိုင္ထားၿပီး ဘရိုင္တန္က ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး တစ္ပြဲနိုင္ ေလးပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။ မန္စီးတီးက ဘရိုင္တန္အသင္းနဲ႔ ပရီးမီးယားလိဂ္ ေနာက္ဆုံးေျခာက္ပြဲေတြ႕ဆုံအၿပီး အနိုင္ရထားသလို သြင္းဂိုး ၂၀ နဲ႔ ေပးဂိုး ႏွစ္ဂိုးသာ ျဖစ္ေပၚထားပါတယ္။ ဘရိုင္တန္အသင္းက မန္စီးတီးကြင္းသြားေရာက္ကစားခဲ့တဲ့ ၁၀ ပြဲမွာ အနိုင္ရရွိျခင္း မရွိခဲ့ဘဲ ႏွစ္ပြဲသေရ ရွစ္ပြဲရႈံးထားပါတယ္။ မန္စီးတီးက ဘရိုင္တန္နဲ႔ ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ သုံးပြဲမွာ အနည္းဆုံးသြင္းဂိုး ေလးဂိုး သြင္းယူထားနိုင္ပါတယ္။ မန္စီးတီးက ဘရိုင္တန္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ခုနစ္ပြဲမွာ အနိုင္ရထားပါတယ္။ မန္စီးတီးက ဘရိုင္တန္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးခုနစ္ပြဲ ကစားအၿပီး ငါးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ မန္စီးတီးက ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲဆက္ အနိုင္ရထားပါတယ္။ ဘရိုင္တန္အသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး ရွစ္ပြဲဆက္ အနိုင္ရရွိျခင္း မရွိေသးပါဘူး။
မန္စီးတီးအသင္းမွာ ေအကီနဲ႔ လိုရန္ေတးတို႔က ဒဏ္ရာရေနၿပီး ဘရိုင္တန္အသင္းမွာ ကြန္မိုလီ၊ အစ္ကြီအာဒို၊ အန္ဒိုနီ၊ လန္ေတး၊ လာလာနာနဲ႔ ဝဲလ္ဘက္တို႔က ဒဏ္ရာရေနသလို ဘစ္ဆိုမာက ပြဲပယ္ျပစ္ဒဏ္ ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အိမ္ရွင္မန္စီးတီးက အနိုင္ရဖို႔ ရာႏႈန္းျပည့္ ရွိေနၿပီး သြင္းဂိုး ၂-၀ ေလာက္ ျဖစ္ေပၚလာနိုင္ပါတယ္။ ဘရိုင္တန္အေနနဲ႔ ပရီးမီးယားလိဂ္ပြဲ ၃၀၀ ျပည့္ ပြဲစဥ္ျဖစ္တဲ့အတြက္ အေဝးကြင္းမွာ ႀကိဳးစား႐ုန္းကန္သြားနိုင္ပါတယ္။