အိမ်ရှင် မန်စီးတီးက အနိုင်ရလဒ်အတွက် အသေချာဆုံးပါပဲ

0
207

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် မန်စီးတီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့အသင်းတို့ဟာ မန်စီးတီးရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၈-၁-၂၀၂၁ ရက်နေ့ တနင်္လာနေ့ နံနက် ၁း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် ၁၆ ပွဲကစားအပြီး ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ခရစ္စတယ်ပဲလေ့က ၁၈ ပွဲ ကစားအပြီး ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်စီးတီး ၂ – ၂ ခရစ္စတယ်ပဲလေ့(ပရီးမီးယားလိဂ်)

ခရစ္စတယ်ပဲလေ့ ၀ – ၂ မန်စီးတီး(ပရီးမီးယားလိဂ်)

ခရစ္စတယ်ပဲလေ့ ၁ – ၃ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၂ – ၃ ခရစ္စတယ်ပဲလေ့(ပရီးမီးယားလိဂ်)

ခရစ္စတယ်ပဲလေ့ ၀ – ၀ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၅ – ၀ ခရစ္စတယ်ပဲလေ့(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး မန်စီးတီးက ငါးပွဲ နိုင်ထားပြီး ခရစ္စတယ်ပဲလေ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး တစ်ပွဲနိုင် နှစ်ပွဲသရေ သုံးပွဲရှုံးထားပါတယ်။ မန်စီးတီးက ခရစ္စတယ်ပဲလေ့နဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ ခုနစ်ပွဲနိုင်ထားပြီး နှစ်ပွဲသရေ တစ်ပွဲရှုံးထားပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက် နိုင်ပွဲ ဖြစ်ပေါ်ထားပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့နဲ့ အိမ်ကွင်းမှာ နောက်ဆုံးခုနစ်ပွဲ ကစားအပြီး အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ ပြိုင်ပွဲအရပ်ရပ် ၂၁ ပွဲ ကစားအပြီး တစ်ပွဲသာ ရှုံးထားပြီး ၁၈ ပွဲ နိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ ခရစ္စတယ်ပဲလေ့က ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ ရှုံးပွဲမရှိဖြစ်ပေါ်ထားပြီး တစ်ပွဲနိုင် နှစ်ပွဲသရေ ဖြစ်ပေါ်ထားပါတယ်။

မန်စီးတီးအသင်းမှာ အေကီနဲ့ လာပေါ်တီတို့က ဒဏ်ရာရနေပြီး ခရစ္စတယ်ပဲလေ့အသင်းမှာ ဆာဟို၊ ဝှစ်ဟမ်း၊ ကယ်လီ၊ ဟမ်နက်ဆီ၊ ဖာဂူဆန်နဲ့ ရှလက်ပ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်စီးတီးက အနိုင်ရဖို့ ၈၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀%နဲ့ ၂-၁ ရလဒ် လောက်နဲ့ မန်စီးတီးက အနိုင်ရရှိသွားနိုင်ပါတယ်။

Zawgyi

အိမ္ရွင္ မန္စီးတီးက အနိုင္ရလဒ္အတြက္ အေသခ်ာဆုံးပါပဲ

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၉ အျဖစ္ မန္စီးတီးအသင္းနဲ႔ ခရစၥတယ္ပဲေလ့အသင္းတို႔ဟာ မန္စီးတီးရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၈-၁-၂၀၂၁ ရက္ေန႔ တနလၤာေန႔ နံနက္ ၁း၄၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ မန္စီးတီးက ပရီးမီးယားလိဂ္ ၁၆ ပြဲကစားအၿပီး ရမွတ္ ၃၂ မွတ္နဲ႔ အဆင့္ ၂ ေနရာမွာ ရွိေနၿပီး ခရစၥတယ္ပဲေလ့က ၁၈ ပြဲ ကစားအၿပီး ရမွတ္ ၂၃ မွတ္နဲ႔ အဆင့္ ၁၃ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
မန္စီးတီး ၂ – ၂ ခရစၥတယ္ပဲေလ့(ပရီးမီးယားလိဂ္)
ခရစၥတယ္ပဲေလ့ ၀ – ၂ မန္စီးတီး(ပရီးမီးယားလိဂ္)
ခရစၥတယ္ပဲေလ့ ၁ – ၃ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၂ – ၃ ခရစၥတယ္ပဲေလ့(ပရီးမီးယားလိဂ္)
ခရစၥတယ္ပဲေလ့ ၀ – ၀ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၅ – ၀ ခရစၥတယ္ပဲေလ့(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲကစားအၿပီး မန္စီးတီးက ငါးပြဲ နိုင္ထားၿပီး ခရစၥတယ္ပဲေလ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး တစ္ပြဲနိုင္ ႏွစ္ပြဲသေရ သုံးပြဲရႈံးထားပါတယ္။ မန္စီးတီးက ခရစၥတယ္ပဲေလ့နဲ႔ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၀ ပြဲမွာ ခုနစ္ပြဲနိုင္ထားၿပီး ႏွစ္ပြဲသေရ တစ္ပြဲရႈံးထားပါတယ္။ မန္စီးတီးက ပရီးမီးယားလိဂ္ ေနာက္ဆုံး ေလးပြဲဆက္ နိုင္ပြဲ ျဖစ္ေပၚထားပါတယ္။ မန္စီးတီးက အိမ္ကြင္းမွာ ခရစၥတယ္ပဲေလ့နဲ႔ အိမ္ကြင္းမွာ ေနာက္ဆုံးခုနစ္ပြဲ ကစားအၿပီး အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ မန္စီးတီးက အိမ္ကြင္းမွာ ၿပိဳင္ပြဲအရပ္ရပ္ ၂၁ ပြဲ ကစားအၿပီး တစ္ပြဲသာ ရႈံးထားၿပီး ၁၈ ပြဲ နိုင္ ႏွစ္ပြဲသေရ ျဖစ္ထားပါတယ္။ ခရစၥတယ္ပဲေလ့က ပရီးမီးယားလိဂ္ ေနာက္ဆုံးသုံးပြဲမွာ ရႈံးပြဲမရွိျဖစ္ေပၚထားၿပီး တစ္ပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ေပၚထားပါတယ္။
မန္စီးတီးအသင္းမွာ ေအကီနဲ႔ လာေပၚတီတို႔က ဒဏ္ရာရေနၿပီး ခရစၥတယ္ပဲေလ့အသင္းမွာ ဆာဟို၊ ဝွစ္ဟမ္း၊ ကယ္လီ၊ ဟမ္နက္ဆီ၊ ဖာဂူဆန္နဲ႔ ရွလက္ပ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က မန္စီးတီးက အနိုင္ရဖို႔ ၈၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀%နဲ႔ ၂-၁ ရလဒ္ ေလာက္နဲ႔ မန္စီးတီးက အနိုင္ရရွိသြားနိုင္ပါတယ္။