အိမ်ရှင် အက်သလက်တီကိုမက်ဒရစ်ကပဲ ဗလင်စီယာကို တစ်ဂိုးအသာလောက်နဲ့ အနိုင်ယူသွားမှာပါ

0
144

 

လာလီဂါပွဲစဉ် ၂၀ အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ဟာ အက်သလက်တီကိုရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၅-၁-၂၀၂၁ ရက် တနင်္လာနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ ၁၇ ပွဲ ကစားအပြီး ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရှိနေပြီး ဗလင်စီယာက ၁၉ ပွဲ ကစားအပြီး ရမှတ် ၂၀ နဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဗလင်စီယာ ၀ – ၁ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ဗလင်စီယာ ၂ – ၂ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၁ – ၁ ဗလင်စီယာ(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၃ – ၂ ဗလင်စီယာ(လာလီဂါ)

ဗလင်စီယာ ၁ – ၁ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ဗလင်စီယာ(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး အက်သလက်တီကိုမက်ဒရစ်က လေးပွဲနိုင် တစ်ပွဲရှုံးထားပြီး ဗလင်စီယာက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲဆက် အနိုင်ရထားပြီး လာလီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ အက်သလက်တီကိုမက်ဒရစ်က ပေးဂိုးမရှိ ဖြစ်ပေါ်ထား ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က ဗလင်စီယာနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၂ ပွဲဆက် ရှုံးပွဲ မရှိဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံးခြောက်ပွဲ ကစားအပြီး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ ဗလင်စီယာက လာလီဂါ နောက်ဆုံး ၁၀ ပွဲ ကစားအပြီး ကိုးပွဲမှာ နိုင်ပွဲပျောက်ဆုံး ထားပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ထရစ်ပီယာက ပွဲပယ်ပြစ်ဒဏ်ခံနေရပြီး ဟာအဲယားနဲ့ ဟာမိုဆို တို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ဗလင်စီယာအသင်းမှာ စီလက်ဆင်က ဒဏ်ရာရနေပြီး ဝက်စ်က ပွဲပယ်ပြစ်ဒဏ် ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အက်သလက်တီကိုမက်ဒရစ်က အနိုင်ရဖို့ ၈၀% နဲ့ သရေဖြစ်ဖို့ ၂၀ ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

အိမ္ရွင္ အက္သလက္တီကိုမက္ဒရစ္ကပဲ ဗလင္စီယာကို တစ္ဂိုးအသာေလာက္နဲ႔ အနိုင္ယူသြားမွာပါ

လာလီဂါပြဲစဥ္ ၂၀ အျဖစ္ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ဗလင္စီယာအသင္းတို႔ဟာ အက္သလက္တီကိုရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၅-၁-၂၀၂၁ ရက္ တနလၤာေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္က လာလီဂါ ၁၇ ပြဲ ကစားအၿပီး ရမွတ္ ၄၄ မွတ္နဲ႔ အဆင့္ ၁ ေနရာမွာ ရွိေနၿပီး ဗလင္စီယာက ၁၉ ပြဲ ကစားအၿပီး ရမွတ္ ၂၀ နဲ႔ အဆင့္ ၁၄ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ဗလင္စီယာ ၀ – ၁ အက္သလက္တီကိုမက္ဒရစ္(လာလီဂါ)
ဗလင္စီယာ ၂ – ၂ အက္သလက္တီကိုမက္ဒရစ္(လာလီဂါ)
အက္သလက္တီကိုမက္ဒရစ္ ၁ – ၁ ဗလင္စီယာ(လာလီဂါ)
အက္သလက္တီကိုမက္ဒရစ္ ၃ – ၂ ဗလင္စီယာ(လာလီဂါ)
ဗလင္စီယာ ၁ – ၁ အက္သလက္တီကိုမက္ဒရစ္(လာလီဂါ)
အက္သလက္တီကိုမက္ဒရစ္ ၁ – ၀ ဗလင္စီယာ(လာလီဂါ)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲကစားအၿပီး အက္သလက္တီကိုမက္ဒရစ္က ေလးပြဲနိုင္ တစ္ပြဲရႈံးထားၿပီး ဗလင္စီယာက ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။ အက္သလက္တီကိုမက္ဒရစ္က လာလီဂါ အိမ္ကြင္းပြဲ ေနာက္ဆုံး ခုနစ္ပြဲဆက္ အနိုင္ရထားၿပီး လာလီဂါ အိမ္ကြင္းပြဲ ေနာက္ဆုံး ရွစ္ပြဲကစားအၿပီး ခုနစ္ပြဲမွာ အက္သလက္တီကိုမက္ဒရစ္က ေပးဂိုးမရွိ ျဖစ္ေပၚထား ပါတယ္။ အက္သလက္တီကိုမက္ဒရစ္က ဗလင္စီယာနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၁၂ ပြဲဆက္ ရႈံးပြဲ မရွိျဖစ္ေပၚထားပါတယ္။ အက္သလက္တီကိုမက္ဒရစ္က လာလီဂါ ေနာက္ဆုံးေျခာက္ပြဲ ကစားအၿပီး ငါးပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုးသြင္းယူထားနိုင္ပါတယ္။ ဗလင္စီယာက လာလီဂါ ေနာက္ဆုံး ၁၀ ပြဲ ကစားအၿပီး ကိုးပြဲမွာ နိုင္ပြဲေပ်ာက္ဆုံး ထားပါတယ္။
အက္သလက္တီကိုမက္ဒရစ္အသင္းမွာ ထရစ္ပီယာက ပြဲပယ္ျပစ္ဒဏ္ခံေနရၿပီး ဟာအဲယားနဲ႔ ဟာမိုဆို တို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ ဗလင္စီယာအသင္းမွာ စီလက္ဆင္က ဒဏ္ရာရေနၿပီး ဝက္စ္က ပြဲပယ္ျပစ္ဒဏ္ ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အက္သလက္တီကိုမက္ဒရစ္က အနိုင္ရဖို႔ ၈၀% နဲ႔ သေရျဖစ္ဖို႔ ၂၀ ရွိေနၿပီး သြင္းဂိုး ၂-၁ ေလာက္ ျဖစ္ေပၚလာနိုင္ပါတယ္။