အိမ်ရှင် အဲဗာတန်က အနိုင်ရလဒ်ဖြစ်ဖို့ ၆၀% အထိ ရှိနေတယ်

0
359

 

SBOTop Dec         ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အဖြစ် အဲဗာတန်အသင်းနဲ့ ဝက်ဟမ်းအသင်းတို့ဟာ အဲဗာတန်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁-၁-၂၀၂၁ ရက်နေ့ သောကြာနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းက ပရီးမီးယားလိဂ် ၁၅ ပွဲကစားအပြီး ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး ဝက်ဟမ်းအသင်းက ၁၆ ပွဲ ကစားအပြီး ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အဲဗာတန် ၄ – ၁ ဝက်ဟမ်း(လိဂ်ဖလား)

ဝက်ဟမ်း ၁ – ၁ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၂ – ၀ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၀ – ၂ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၁ – ၃ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၃ – ၁ အဲဗာတန်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး အဲဗာတန်က လေးပွဲနိုင် တစ်ပွဲရှုံးထားပြီး ဝက်ဟမ်းက ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး တစ်ပွဲနိုင် သုံးပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ အဲဗာတန်က ဝက်ဟမ်းနဲ့ တွေ့ခဲ့တဲ့ ၂၆ ပွဲ အနိုင်ရထားပြီး သွင်းဂိုး ၈၆ ဂိုးအထိ သွင်းယူထားနိုင်ပြီး နာမည်ကြီး ပြိုင်ဘက်အသင်းတွေလည်း ဖြစ်ပါတယ်။ ဝက်ဟမ်းအသင်းက အဲဗာတန်ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရှစ်ပွဲမှာ ခြောက်ပွဲအထိ ရှုံးထားပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာလည်း အဲဗာတန်ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ဝက်ဟမ်းနဲ့ လိဂ်ဖလားပွဲမှာ ၄-၁ နဲ့ ရှုံးထားပြီး ကယ်ဗက် လီဝင်က ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဗာတန်က ဝက်ဟမ်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၂၈ ပွဲကစားအပြီး ၂၅ ပွဲ အနိုင်ရထားပါတယ်။ အဲဗာတန်က ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲဆက် အနိုင်ရထားပါတယ်။ အဲဗာတန်က အိမ်ကွင်းမှာ ဝက်ဟမ်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ အနည်းဆုံး သွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဝက်ဟမ်းအသင်းက ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲမှာ နိုင်ပွဲ ရရှိခြင်း မရှိခဲ့ဘဲ သုံးပွဲသရေ တစ်ပွဲရှုံးထားပါတယ်။

အဲဗာတန်အသင်းမှာ ဒီဂျင်း၊ ဒီလက်၊ ဂါဘာမင်၊ အယ်လန်နဲ့ ရိုဒီဂွက်ဇ်တို့က ဒဏ်ရာရနေပြီး ဝက်ဟမ်း အသင်းမှာ မာဆူအာကူက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အဲဗာတန်က အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ ဝက်ဟမ်း အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

အိမ္ရွင္ အဲဗာတန္က အနိုင္ရလဒ္ျဖစ္ဖို႔ ၆၀% အထိ ရွိေနတယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၇ အျဖစ္ အဲဗာတန္အသင္းနဲ႔ ဝက္ဟမ္းအသင္းတို႔ဟာ အဲဗာတန္ရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၁-၁-၂၀၂၁ ရက္ေန႔ ေသာၾကာေန႔ည ၁၂း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အဲဗာတန္အသင္းက ပရီးမီးယားလိဂ္ ၁၅ ပြဲကစားအၿပီး ရမွတ္ ၂၉ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာ ရွိေနၿပီး ဝက္ဟမ္းအသင္းက ၁၆ ပြဲ ကစားအၿပီး ရမွတ္ ၂၃ မွတ္နဲ႔ အဆင့္ ၁၀ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
အဲဗာတန္ ၄ – ၁ ဝက္ဟမ္း(လိဂ္ဖလား)
ဝက္ဟမ္း ၁ – ၁ အဲဗာတန္(ပရီးမီးယားလိဂ္)
အဲဗာတန္ ၂ – ၀ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၀ – ၂ အဲဗာတန္(ပရီးမီးယားလိဂ္)
အဲဗာတန္ ၁ – ၃ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၃ – ၁ အဲဗာတန္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲကစားအၿပီး အဲဗာတန္က ေလးပြဲနိုင္ တစ္ပြဲရႈံးထားၿပီး ဝက္ဟမ္းက ၿပိဳင္ပြဲ အရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲ ကစားအၿပီး တစ္ပြဲနိုင္ သုံးပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။ အဲဗာတန္က ဝက္ဟမ္းနဲ႔ ေတြ႕ခဲ့တဲ့ ၂၆ ပြဲ အနိုင္ရထားၿပီး သြင္းဂိုး ၈၆ ဂိုးအထိ သြင္းယူထားနိုင္ၿပီး နာမည္ႀကီး ၿပိဳင္ဘက္အသင္းေတြလည္း ျဖစ္ပါတယ္။ ဝက္ဟမ္းအသင္းက အဲဗာတန္ကြင္းမွာ သြားေရာက္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ရွစ္ပြဲမွာ ေျခာက္ပြဲအထိ ရႈံးထားပါတယ္။ ယခုႏွစ္ေဘာလုံးရာသီမွာလည္း အဲဗာတန္ကြင္းမွာ သြားေရာက္ကစားခဲ့တဲ့ ဝက္ဟမ္းနဲ႔ လိဂ္ဖလားပြဲမွာ ၄-၁ နဲ႔ ရႈံးထားၿပီး ကယ္ဗက္ လီဝင္က ဟက္ထရစ္ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။ အဲဗာတန္က ဝက္ဟမ္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၂၈ ပြဲကစားအၿပီး ၂၅ ပြဲ အနိုင္ရထားပါတယ္။ အဲဗာတန္က ပရီးမီးယားလိဂ္ ေနာက္ဆုံးေလးပြဲဆက္ အနိုင္ရထားပါတယ္။ အဲဗာတန္က အိမ္ကြင္းမွာ ဝက္ဟမ္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ အနည္းဆုံး သြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ ဝက္ဟမ္းအသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး ေလးပြဲမွာ နိုင္ပြဲ ရရွိျခင္း မရွိခဲ့ဘဲ သုံးပြဲသေရ တစ္ပြဲရႈံးထားပါတယ္။
အဲဗာတန္အသင္းမွာ ဒီဂ်င္း၊ ဒီလက္၊ ဂါဘာမင္၊ အယ္လန္နဲ႔ ရိုဒီဂြက္ဇ္တို႔က ဒဏ္ရာရေနၿပီး ဝက္ဟမ္း အသင္းမွာ မာဆူအာကူက ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အဲဗာတန္က အနိုင္ရဖို႔ ၆၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀% နဲ႔ ဝက္ဟမ္း အနိုင္ရဖို႔ ၂၀% ရွိေနပါတယ္။