အိုဇေး ရောက်ရှိခြင်းကို ဖီနာဘာချီပရိသတ်တွေ သောင်းသောင်းဖျဖျကြိုဆို

0
370

 

အာဆင်နယ်အသင်းနဲ့ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရတဲ့ ကွင်းလယ်ကစားသမား အိုဇေးဟာ တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ကြေးလွတ်နဲ့ ရောက်ရှိခဲ့ပါတယ်။ အိုဇေးဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ခြောက်လကျန်ရှိနေပေမဲ့ အသင်းက စာချုပ်သက်တမ်း ဖျက်သိမ်းပြီး ပြောင်းရွှေ့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ၎င်းက တနင်္ဂနွေနေ့က တူရကီနိုင်ငံကို အလည်အပတ်သွားခဲ့ပြီး ဖီနာဘာချီအသင်းနဲ့ ဆေးစစ်ဆေးမှု ခံယူခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် အိုဇေးဟာ အာဆင်နယ်အသင်းနဲ့ ပြီးခဲ့တဲ့ မတ်လက ဝက်ဟမ်းအသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး အာဆင်နယ်အသင်း မန်နေဂျာ အာတီတာက ပွဲထွက်ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။ ၎င်းအနေနဲ့ ၂၀၁၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၂.၄ သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် အသင်းနဲ့ အက်ဖ်အေဖလား သုံးကြိမ်ရယူနိုင်ခဲ့ပါတယ်။

အိုဇေးက တူရကီ ရုပ်သံတစ်ခုနဲ့ အင်တာဗျူးတစ်ခုမှာ “ ဖီနာဘာချီကို ရောက်ရှိရတာ ပျော်ရွှင်စရာ ဖြစ်စေတယ်။ ဖီနာဘာချီဝတ်စုံ၀တ်ဆင်ခွင့်ရရှိခြင်းကလည်း စိတ်လှုပ်ရှားစရာ ဖြစ်စေတယ် ” လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းမန်နေဂျာ အာတီတာဘက်ကတော့ တစ်စုံတစ်ယောက်အတွက်တော့ အကောင်းမွန်ဆုံး အဖြေရှာမှု တစ်ခုဖြစ်တယ်လို့ မီဒီယာတွေကို ဆိုပါတယ်။

တူရကီနွယ်ဖွား ဂျာမနီနိုင်ငံသားဖြစ်တဲ့ အိုဇေးကို ခေါ်ယူနိုင်ဖို့ ဆိုတာ စိတ်ကျေနပ်စရာ အိပ်မက်တစ်ခု ဖြစ်မှာဖြစ်တယ်ဆိုပြီး ဖီနာဘာချီအသင်း ဥက္ကဋ္ဌ အလီ ကို့က ဆိုပါတယ်။ ဖီနာဘာချီအနေနဲ့ အိုဇေးကို ခေါ်ယူနိုင်ဖို့ ၂၀၁၉ ခုနှစ်ကတည်းက ကြိုးစားခဲ့ပေမဲ့ စီးပွားရေးအခြေအနေကြောင့် ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပေမဲ့ ယခုအခါမှာတော့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi

အိုေဇး ေရာက္ရွိျခင္းကို ဖီနာဘာခ်ီပရိသတ္ေတြ ေသာင္းေသာင္းဖ်ဖ်ႀကိဳဆို

အာဆင္နယ္အသင္းနဲ႔ ပြဲထြက္ခြင့္ေပ်ာက္ဆုံးခဲ့ရတဲ့ ကြင္းလယ္ကစားသမား အိုေဇးဟာ တူရကီကလပ္ ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕ေၾကးလြတ္နဲ႔ ေရာက္ရွိခဲ့ပါတယ္။ အိုေဇးဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေျခာက္လက်န္ရွိေနေပမဲ့ အသင္းက စာခ်ဳပ္သက္တမ္း ဖ်က္သိမ္းၿပီး ေျပာင္းေရႊ႕ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။ ၎က တနဂၤေႏြေန႔က တူရကီနိုင္ငံကို အလည္အပတ္သြားခဲ့ၿပီး ဖီနာဘာခ်ီအသင္းနဲ႔ ေဆးစစ္ေဆးမႈ ခံယူခဲ့ပါတယ္။
အသက္ ၃၂ ႏွစ္အရြယ္ အိုေဇးဟာ အာဆင္နယ္အသင္းနဲ႔ ၿပီးခဲ့တဲ့ မတ္လက ဝက္ဟမ္းအသင္းကို ၁-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္အၿပီး အာဆင္နယ္အသင္း မန္ေနဂ်ာ အာတီတာက ပြဲထြက္ခြင့္မျပဳခဲ့တာ ျဖစ္ပါတယ္။ ၎အေနနဲ႔ ၂၀၁၃ ခုႏွစ္က ရီးရဲလ္မက္ဒရစ္အသင္းကေန အာဆင္နယ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၂.၄ သန္းနဲ႔ ေရာက္ရွိလာခဲ့ၿပီးေနာက္ အသင္းနဲ႔ အက္ဖ္ေအဖလား သုံးႀကိမ္ရယူနိုင္ခဲ့ပါတယ္။
အိုေဇးက တူရကီ ႐ုပ္သံတစ္ခုနဲ႔ အင္တာဗ်ဴးတစ္ခုမွာ “ ဖီနာဘာခ်ီကို ေရာက္ရွိရတာ ေပ်ာ္ရႊင္စရာ ျဖစ္ေစတယ္။ ဖီနာဘာခ်ီဝတ္စုံ၀တ္ဆင္ခြင့္ရရွိျခင္းကလည္း စိတ္လႈပ္ရွားစရာ ျဖစ္ေစတယ္ ” လို႔ ဆိုပါတယ္။ အာဆင္နယ္အသင္းမန္ေနဂ်ာ အာတီတာဘက္ကေတာ့ တစ္စုံတစ္ေယာက္အတြက္ေတာ့ အေကာင္းမြန္ဆုံး အေျဖရွာမႈ တစ္ခုျဖစ္တယ္လို႔ မီဒီယာေတြကို ဆိုပါတယ္။
တူရကီႏြယ္ဖြား ဂ်ာမနီနိုင္ငံသားျဖစ္တဲ့ အိုေဇးကို ေခၚယူနိုင္ဖို႔ ဆိုတာ စိတ္ေက်နပ္စရာ အိပ္မက္တစ္ခု ျဖစ္မွာျဖစ္တယ္ဆိုၿပီး ဖီနာဘာခ်ီအသင္း ဥကၠ႒ အလီ ကို႔က ဆိုပါတယ္။ ဖီနာဘာခ်ီအေနနဲ႔ အိုေဇးကို ေခၚယူနိုင္ဖို႔ ၂၀၁၉ ခုႏွစ္ကတည္းက ႀကိဳးစားခဲ့ေပမဲ့ စီးပြားေရးအေျခအေနေၾကာင့္ ေခၚယူနိုင္ခဲ့ျခင္း မရွိခဲ့ေပမဲ့ ယခုအခါမွာေတာ့ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူနိုင္ခဲ့တာ ျဖစ္ပါတယ္။