Tags အထွေထွေသတင်းများ

Tag: အထွေထွေသတင်းများ

သရေဖြစ်ခဲ့ရင်တောင် အုပ်စုပထမဖြစ်နေမဲ့ အိမ်ရှင် ဘယ်လ်ဂျီယမ်က အကောင်းဆုံးအနိုင်ရသူ ဖြစ်မှာပါ

  ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ လိဂ် A၊ အုပ်စု A2 ရဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘယ်လ်ဂျီယမ် အသင်းနဲ့ ဒိန်းမတ်အသင်းတို့ဟာ ဘယ်လ်ဂျီယမ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၉-၁၁-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီအသင်းက အုပ်စုပွဲ ၅...

“ ကွျန်တော်တို့တွေ ဘာမှ လုပ်မပေးနိုင်တာ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ပါပြီ ” လိုက်ပ်ဇစ်ကို ရှုံးခဲ့ပြီးနောက် ဆီမြွန်နီရဲ့ ဝန်ခံစကား

  ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် ဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ ပွဲမှာ အက်သလက်တီကိုက ၂-၁ နဲ့ ရှုံးခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ အဆိုပါပွဲအပြီးမှာ အက်သလက်တီကို မန်နေဂျာ ဆီမြွန်နီက ၎င်းတို့ အသင်းက ဘာတွေမလုပ်ပေးနိုင်ဘဲ ဖြစ်နေတာ နှစ်ပေါင်းကြာရှည် ရှိခဲ့ပြီ ဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ဆီမြွန်နီက “...

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆုကို အာနိုး ရရှိ

  ၂၀၁၉-၂၀ ခုနှစ် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို လီဗာပူးလ် အသင်းရဲ့ တောင်ပံခံစစ်ကစားသမား အာနိုးက ရရှိခဲ့တယ်လို့ သိရပါတယ်။ အာနိုးဟာ အဆိုပါဆုအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ရတ်ဖို့ဒ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်အပါအဝင် ကစားသမား ရှစ်ဦးကို ကျော်ဖြတ်ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာနိုးဟာ...

ဘာစီလိုနာဆိုတာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပြီး ဘွန်ဒက်စ်လီဂါအသင်းမဟုတ်ကြောင်း အသင်းဟောင်းဘိုင်ယန်မြူးနစ်ကို ဗီဒဲလ် သတိပေးပြောကြား

  သောကြာနေ့ညမှာ လာလီဂါထိပ်သီးအသင်း ဘာစီလိုနာအသင်းနဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ ကစားသွားဖို့ ရှိနေပါတယ်။ အဆိုပါပွဲမှာ ဘိုင်ယန်မြူးနစ်ရင်ဆိုင်ရမဲ့ ဘာစီလိုနာအသင်းဆိုတာ ဘွန်ဒက်စ်လီဂါအသင်းတစ်သင်း မဟုတ်ဘဲ ကမ္ဘာ့ အကောင်းဆုံးအသင်းတစ်သင်း ဖြစ်ကြောင်း အသင်းဟောင်း ဘိုင်ယန်ကို ဘာစီလိုနာကစားသမား ဗီဒဲလ်က သတိပေးပြောကြားလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ တိုက်စစ်မှူး...

ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းပြီးဆုံးသွားတဲ့ မက်တူဒီ ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာမီယာအသင်းကို ပြောင်းရွှေ့

  ဂျူဗင်တပ်စ်အသင်းရဲ့ အသက် ၃၃ နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမား ဖြစ်တဲ့ မက်တူဒီဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဒေးဗစ် ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်တဲ့ မက်တူဒီဟာ ဒေးဗစ် ဘက်ခမ်းနဲ့ ပီအက်စ်ဂျီအသင်းမှာ အတူကစားခဲ့ကြသူတွေ...

အာစင်ဝင်းဂါးကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း ဦးတည်နေတယ်လို့ သိရ

  အာစင်ဝင်းဂါးအနေနဲ့ ဘာစီလိုနာအသင်းမန်နေဂျာ ဖြစ်ဖို့ အခွင့်အရေးရှိနေသလို ဘာစီလိုနာအသင်း ကလည်း ဝင်းဂါးကို ခေါ်ယူဖို့ ဦးတည်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၇၀ နှစ်အရွယ် ဝင်းဂါး ဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်က ထွက်ခွာခဲ့ပြီး လက်ရှိအချိန်မှာ ဖီဖာရဲ့...

မက်ဆီရဲ့ နေရာမှာ လီဝမ်ဒေါ့စကီးက အစားထိုးဝင်ရောက်နေပြီဖြစ်ကြောင်း ဂျာမနီဂန္ထဝင်ကစားသမား လိုသာ မာသီးအက်ပြော

  ကမ္ဘာ့အကောင်းဆုံးကစားသမား ဘွဲ့ကို ခံယူထားတဲ့ ဘာစီလိုနာကစားသမား မက်ဆီရဲ့ နေရာမှာ ဘိုင်ယန်မြူးနစ်ကစားသမား လီဝမ်းဒေါ့စကီးက အစားထိုးဝင်ရောက်နေပြီဖြစ်ကြောင်း ဂျာမနီဂန္ထဝင်ကစားသမား ဖြစ်တဲ့ လိုသာ မာသီးအက်က ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံကြရမှာ ဖြစ်ပါတယ်။ ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံကစားသမားဖြစ်ခဲ့တဲ့ မာသီးအက်က “ ကမ္ဘာ့အကောင်းဆုံးကစားသမား အဖြစ်အောင်မြင်မှုတွေ...

ဘာစီလိုနာအသင်း ကစားသမားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ

  ဘာစီလိုနာအသင်းရဲ့ ကစားသမားတစ်ဦးမှာ ကိုရိုဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကစားသမားအမည်ကို ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။ အဆိုပါကစားသမားဟာ ရောဂါလက္ခဏာပြသခြင်း မရှိသလို အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ၎င်းရဲ့ အိမ်မှာပဲ ကန့်သတ်နေထိုင်လျက်ရှိပါတယ်။ ဘာစီလိုနာအသင်းဟာ ကြာသပတေးနေ့မှာ ပေါ်တူဂီနိုင်ငံ...

ဆောက်သမ်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟိုးဘက်ချ်ကို ပေါင်သန်း ၂၀ နဲ့ စပါးလ်အသင်းခေါ်ယူ

  ဆောက်သမ်တန်အသင်းရဲ့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား ဟိုးဘက်ချ်ကို ပေါင်သန်း ၂၀ နဲ့ ငါးနှစ်စာချုပ်နဲ့ စပါးလ်အသင်းက ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ ဟိုးဘက်ချ်ဟာ စပါးလ်အသင်းမှာ ယခင် ကစားသမား ဗာတွမ်ဂမ်ရဲ့ ကျောနံပါတ် ၅ ဝတ်ဆင် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဟိုးဘက်ချ်က...

မေဂျာလိဂ်ကလပ် အင်တာမီယာမီရဲ့ အမြင့်ဆုံးလုပ်ခနဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဥရောပမှာ ဆက်လက်ကစားဖို့ ဆန္ဒရှိနေတဲ့ ဂေါ့ဇီ

  ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်ကစားသမား ဂေါ့ဇီကို ဒေးဗစ် ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီက အမြင့်ဆုံးလုပ်ခနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ၎င်းက ငြင်းဆန်ပြီး ဥရောပဘောလုံးလောကမှာပဲ ဆက်လက်ကစားလိုတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂေါ့ဇီဟာ ၂၀၁၄ ခုနှစ်က ဂျာမနီလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားရယူထား နိုင်တဲ့...