Tags Football Today

Tag: Football Today

လိုင်ယွန်နဲ့ ကစားရမဲ့ ချန်ပီယံလိဂ်ပွဲဟာ ၎င်းအတွက် နောက်ဆုံးပွဲမဟုတ်ကြောင်း ဂျူဗင်တပ်စ်မန်နေဂျာ ဆာရီ ယုံကြည်မှုအပြည့်ရှိနေ

  ဂျူဗင်တပ်စ်အသင်းမန်နေဂျာ ဆာရီက လိုင်ယွန်အသင်းနဲ့ ကစားရမဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲဟာ ၎င်းအတွက် နောက်ဆုံးမဟုတ်သလို ၎င်းရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်လက်ရှိနေမယ် ဆိုတာ ယုံကြည်မှုအပြည့်ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။ ဆာရီဟာ ဂျူဗင်တပ်စ်အသင်းအတွက် ကိုးနှစ်ဆက် စီးရီးအေဖလားကို အသင်းကို ရောက်ရှိခဲ့ပြီးနောက် ရယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ...

အိမ်ကွင်းမှာ ရင်ဆိုင်ရမဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်ကြောင်း ရိုဒရီ သတိပေးပြောကြား

  ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်စီးတီးအသင်းက အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးက ပထမအကျော့မှာ ၂-၁ နဲ့ အနိုင်ရခဲ့ပေမဲ့ အိမ်ကွင်းမှာ ဒုတိယအကျော့တွေ့ဆုံချိန်မှာ ရလဒ်ကောင်းဖြစ်ဖို့ လိုအပ်နေသလို ရီးရဲလ်မက်ဒရစ်ဟာ အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာကို မမေ့ဖို့ အသင်းဖော်တွေကို မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက...

ဘုန်းမောက်နောက်ခံလူ နသန်အကီကို မန်စီးတီးအသင်း ခေါ်ယူ

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းဟာ ဘုန်းမောက်နောက်ခံကစားသမား နသန်အကီကို ပြောင်းရွှေ့ကြေး ပေါင် ၄၁ သန်းနဲ့ ခေါ်ယူစာချုပ်လိုက်တယ်လို့ သိရပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ၂၀၁၉ ခုနှစ်မှာ အဓိကနောက်ခံလူ ကွန်ပနီ ထွက်ခွာသွားပြီးကတည်းက နောက်ခံအင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေ ခဲ့သူဖြစ်ပါတယ်။ ပြင်သစ်သားဖြစ်တဲ့ လာပေါ်တီကလည်း ပရီးမီးယားလိဂ်ပြန်စနိုင်ကတည်းက ပွဲထွက်ပါဝင်ခွင့်ရနေပေမဲ့ ဒဏ်ရာ...

နောက်ခံကစားသမား ကာလူလူကို အေစီမီလန်အသင်း ခေါ်ယူစာချုပ်

အေစီမီလန်အသင်းဟာ ပြင်သစ်နောက်ခံကစားသမား ကာလူလူကို ၅ နှစ်စာချုပ်သက်တမ်းနဲ့ ခေါ်ယူစာချုပ် လိုက်တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ် ဒီကစားသမားဟာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန် ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ရထားသူဖြစ်ပြီး အဲဒီအသင်းမှာလည်း ပွဲထွက်လူစာ ရင်းအဖြစ် ပါဝင်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ ကာလူလူဟာ မကြာသေးခင်ကပဲ မီလန်အသင်းနဲ့...

ပုခုံးအဆစ်လွဲဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ပက်ဒရို

ချဲလ်ဆီးတောင်ပံကစားသမား ပက်ဒရိုဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာရခဲ့တဲ့ ပုခုံးအဆစ်လွဲဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အဲဒီစပိန်လက်ရွေးစင်ဟောင်းဟာ အင်္ဂါနေ့မှာ သူ့ရဲ့ခွဲစိတ်မှုအောင်မြင်ကြောင်းကို အင်စတာဂရမ်လူမှုဝက်ဆိုက်ကနေတစ်ဆင့် ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။ ပက်ဒရိုက “ ခွဲစိတ်ကုသမှုက ကောင်းကောင်းအဆင်ပြေခဲ့ပါတယ်။ ကျွန်တော် မကြာခင် ပြန်လာနိုင်တော့မှာပါ။ အက်ဖ်အေဖလား မရယူနိုင်ခဲ့တဲ့အတွက်လည်း...

ဘာစီလိုနာ လူငယ်ကစားသမား တာရင်းကာအိုကို လက်စတာစီးတီးအငှားခေါ်ယူလိုနေ

  ဘာစီလိုနာအသင်းရဲ့ အသက် ၂၀ အရွယ် ပေါ်တူဂီနိုင်ငံသား တောင်ပံကစားသမား တာရင်းကာအိုကို လက်စတာစီးတီးအသင်းက နှစ်နှစ်စာချုပ်နဲ့ အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းကနေ ပေါ်တူဂီကလပ် ဘာရာဂါအသင်းမှာ ကစားနေတဲ့ တာရင်းကာအိုဟာ ပေါ်တူဂီလူငယ် ကစားသမားတွေထဲက ခြေစွမ်းပြကစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ တာရင်းကာအိုကို  ဘာစီလိုနာအသင်းက...

လီဗာပူးပဲ့ကိုင်ရှင် ကလော့ကို ချီးမွမ်းခန်းဖွင့်လိုက်တဲ့ လီဝမ်ဒေါစကီး

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝမ်ဒေါစကီးက လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ဆုဖလားရအောင် ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ပဲ့ကိုင်ရှင် ဂျာဂင်ကလော့ကို ချီးကျူးပြောကြားလိုက်ပြီး ကလော့ဟာ နည်းပြလိုရော၊ ဖအေလိုပါ မျက်နှာနှစ်မျိုးပိုင်ရှင်တစ်ဦးဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ကလော့ဟာ လီဗာပူးအသင်း ၁၉၉၉ ခုနှစ်နောက်ပိုင်းကတည်းက စောင့်ဆိုင်းနေခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမှာ အရယူပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ်။ လီဝမ်ဒေါစကီးက...

ဘောလုံးသမားဘဝက အနားယူသွားခဲ့ပြီဖြစ်တဲ့ ကားဆီးလက်စ်

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပိန်ဂန္ထဝင်ဂိုးသမား အိုင်ကာကားဆီးလက်စ်ဟာ ဘောလုံးသမားဘဝက အနားယူပြီ လို့ ထုတ်ပြန်ကြေညာသွားခဲ့ပြီး သူ့ရဲ့ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်၊ ပေါ်တိုနဲ့ စပိန်လက်ရွေးစင်အသင်း တို့မှာ ထူးချွန်စွာ ဖြတ်သန်းနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ကားဆီးလက်စ်ဟာ ပြီးခဲ့တဲ့နှစ် မေလ ၁ ရက်နေ့မှာ ပေါ်တိုအသင်းနဲ့ လေ့ကျင့်ရေးဆင်းနေစဉ်...

ကမ္ဘာ့စျေးအကြီးဆုံး ခံစစ်ကစားသမား ပြောင်းရွှေ့ကြေးနဲ့ ချီဝဲလ်ကို ချဲလ်ဆီးအသင်း လက်စတာကနေ ခေါ်ယူဖို့ ရှိနေ

  ချဲလ်ဆီးအသင်းအနေနဲ့ လက်စတာစီးတီးရဲ့ တောင်ပံခံစစ်ကစားသမား ချီဝဲလ်ကို ခေါ်ယူနေဖို့ ပြုလုပ်နေပြီး တကယ်လို့ ချဲလ်ဆီးက ခေါ်ယူဖြစ်ခဲ့ရင် ချီဝဲလ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ခံစစ်ကစားသမားတွေကြား အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ ချဲလ်ဆီး မန်နေဂျာ လမ်းပတ်ကလည်း နောက်နှစ် ဘောလုံးရာသီမှာ ချီဝဲလ်ကို အသင်းမှာ ပေါင်းထည့် ကစားသွားလိုနေပါတယ်။ အသက် ၂၃...